ကလေး အယောက် ၁၅၀၀ စာ အလှူလုပ်ဖြစ်ပါတယ်တဲ့။

ခိုင်သင်းကြည်ဟာ လက်ရှိ ရိုက်ကူးရေးလုပ်နေတဲ့ ကျေးရွာလေးမှာ အလှူအတန်းတွေ လုပ်ခွင့်ရလို့ ပျော်ရွှင်နေပါတယ်။ သူနဲ့ အတူ ထွန်းအိန္ဒြာဗို၊ ခန့်စည်သူ တို့ကလည်း ဒီအလှူမှာ ပါဝင်ခဲ့ကြတယ်လို့ဆိုပါတယ်။

Photo: Khine Thin Kyi



သရုပ်ဆောင် ခိုင်သင်းကြည်၊ ထွန်းအိန္ဒြာဗို နဲ့ ခန့်စည်သူတို့ဟာ ပုပ္ပါးမှာရှိတဲ့ ဆုံကုန်းရွာလေးမှာ အလှူအတန်းတွေ လုပ်ခဲ့ကြတယ်လို့ ခိုင်သင်းကြည်က ပြောပါတယ်။ ဒီရွာလေးမှာပဲ ‘’ဆူးပန်းခွေ ဘယ်ဘယက်နဲ့ ပေရွက်လိပ် နားတောင်းဆင်’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

‘’ဒီနေ့တော့ မခိုင်တို့ရိုက်ကွင်းရှိတဲ့ဆုံကုန်းရွာမှာမုန့်ဟင်းခါးအလှူကျွေးပါတယ်ရှင်။ ကိုခန့်၊ မခိုင်ကြီး၊ မခိုင်လေးတို့၃ယောက်ပေါင်းလှူကြတာပါ။ ဘုန်းကြီးကျောင်း၄ကျောင်းချိုင့်ပို့ စာသင်ကျောင်းက ကလေးတွေနဲ့ တစ်ရွာလုံးနီးပါးလူ၁၅၀၀လောက်ကျွေးဖြစ်ပါတယ်ရှင်။ပျော်စရာဖြစ်အောင်ကံစမ်းမဲတွေလဲဖောက်ပေးခဲ့ကြပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၁၃ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Khine Thin Kyi

ဆူးပန်းခွေ နွယ်ဘယက်နဲ့ ပေရွက်လိပ် နားတောင်းဆင် ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင် ခန့်စည်သူ၊ အောင်ရေချမ်း၊ ထွန်းအိန္ဒြာဗို နဲ့ ခိုင်သင်းကြည် တို့က အဓိက ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇွန်လ အတွင်းမှာကတည်းက ရိုက်ကူးနေတာ ဖြစ်ပါတယ်။အခုဆိုရင်တော့ ၂ လတာ ကြာမြင့်နေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ‘’ခသုံးလုံး’’ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်လိုက်တာပါ။ ဒီဇာတ်လမ်းတွဲလေးကတော့ ဘယ်လို ဇာတ်လမ်းအမျိုးအစားလေးဖြစ်လာမလဲဆိုတာကို ပရိသတ်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားရင်း စောင့်မျှော်လို့နေပါတယ်။

Photo: Khine Thin Kyi

ခိုင်သင်းကြည်(Khine Thin Kyi)ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က