ဝယ်ကြတာ ကျေးဇူးပါတဲ့။

စိုးမြတ်သူဇာက အလုပ်အားတဲ့ရက်တွေမှာ မင်းသမီးပိုးထည်တိုက်မှာ ဈေးရောင်းဖြစ်တဲ့အကြောင်းကို ပြောပြလာပါတယ်။ ဒီဆိုင်ကိုလည်း သူမကိုယ်တိုင် နာမည်ပေးဖြစ်ခဲ့တာပါတဲ့။

Photo: Soe Myat Thu Zar



အကယ်ဒမီ စိုးမြတ်သူဇာတစ်ယောက် ရိုက်ကူးရေးတွေနားချိန်မှာတော့ ညီအစ်မလေးယောက် စုပြီးဖွင့်ထားတဲ့ ‘’မင်းသမီး’’ ပိုးထည်ဆိုင်မှာ ဈေးဝိုင်းရောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ညီအစ်မ ၄ ယောက် တစ်လှည့်စီ ဆိုင်ထိုင်ဖြစ်တယ်လို့လည်း သိရပါတယ်။

‘’အားတဲ့ အချိန် ဆိုင် မှာ အဲ့ လို ဈေးရောင်းတာ ဝယ်ကြတာ ကံကောင်း။ ဝယ်ကြတာ ကျေးဇူး’’ ဆိုပြီးတော့ မတ်လ ၁၃ ရက်နေ့ မနက် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင် ဇေရဲထက်ကလည်း မကြီးစိုးရဲ့ Post အောက်မှာ ‘’ ကြောက်လိုက်တာ ဝယ်ရဲဘူး စပွန်ဆာလာယူမယ်’’ ဆိုပြီးတော့ အချင်းချင်း စနောက်ခဲ့ကြတာကို တွေ့ရပါတယ်။

Photo: Soe Myat Thu Zar

မကြီးစိုးက ဆိုင်မှာထိုင်ရင်း ဈေးရောင်းနေတဲ့ ဓာတ်ပုံတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အမှတ်တရ အတူတွဲ တင်ခဲ့ပါသေးတယ်။ မင်းသမီးပိုးထည်တိုက်ဟာ ဆိုင်စဖွင့်ကတည်းက အခုချိန်အထိ မင်းသမီး ၄ ယောက်စလုံးရဲ့ ကိုယ်ပိုင်ဒီဇိုင်းလေးတွေက ပိုပြီးတော့ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။

Photo: Soe Myat Thu Zar

မင်းသမီးပိုးထည်တိုက်ကိုတော့ သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မတွေ စုပေါင်းပြီး ဖွင့်လှစ် ထားတာဖြစ်ပါတယ်။ မင်းသမီးပိုးထည်တိုက်မှာတော့ ဆိုင်အတွက် ပိုးထည်တွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်မှာ ဝယ်ယူခဲ့ကြတာပါ။ ဒီပိုးထည်ဆိုင်လေးကိုတော့ အောက်တိုဘာလ အတွင်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပိုးထည်ဆိုင်နာမည်ကို အစ်မကြီးဖြစ်တဲ့ စိုးမြတ်သူဇာကိုယ်တိုင်က နာမည်ပေးခဲ့တာလို့လည်း စန္ဒီမြင့်လွင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

Photo: Soe Myat Thu Zar

အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ဟာ ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက် အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က