ဂမ္ဘီရ ရုပ်ရှင်ကားကြီး ရိုက်ကူးနေတာပါ။
ဦးကျော်သူနဲ့ အတူ ‘’ ဂမ္ဘီရ’’ ရုပ်ရှင်ကားကြီးမှာ ပါဝင်ကြသူတွေဟာ အောင်ပန်းမြို့မှာ ရုပ်ရှင်ရိုက်ကူးနေရင်း အမှိုက်သန့်ရှင်းရေးတွေလည်း လုပ်နေကြတာကို တွေ့ရပါတယ်။

Photo: Kyaw Thu

ဦးကျော်သူဟာ ဂမ္ဘီရ ရုပ်ရှင်ကားကြီးလည်း ရိုက်ကူးနေရင်း ၊ ပါဝင်ကြတဲ့ အနုပညာရှင်တွေ၊ စက်အဖွဲ့သားတွေနဲ့ အတူ အမှိုက်သန့်ရှင်းရေးတွေ လုပ်နေတာကို တွေ့ရပါတယ်။

‘’အနုပညာလည်းဖန်တည်း ပရဟိတလည်းလုပ်တဲ့ ဂမ္ဘီရအဖွဲ့သားများ။ ကျွန်ုပ်တို့ ဂမ္ဘီရမျက်လုံးအဖွဲ့ သားများသည် ရိုက်ကွင်းနေရာတွင်ရှိနေသော ပလပ်စတစ်အမှိုက်များအားဤသို့ နေ့စဉ်ကောက်ပေး လျက်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပါအနုပညာဖေါ်ကျူးမှုကိုပြုလုပ်ပေးနေပါသည်’’ ဆိုပြီးတော့ မတ်လ ၂၅ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။

Photo: Kyaw Thu

ကျော်သူဟာ ‘’ဂမ္ဘီရ မျက်လုံး’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို အောင်ပန်းမြို့မှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒုတိယမြောက် ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒီကားမှာတော့ သရုပ်ဆောင် ကျော်သူ၊ အလင်းရောင်၊ ပြေဇင်၊ ထွန်းကိုကို နဲ့ ရွှေသမီး တု့ိက အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဦးကျော်သူ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်နေတာပါ။

Photo: Kyaw Thu

ဦးကျော်သူရဲ့ ‘’ဝရဇိန်’’ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ကားကြီးကတော့ ‘’၁၀၁၄’’ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဦးကျော်သူကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာ အဖြစ် ပါဝင်ခဲ့သူပါ။ အဲဒီနောက် သူကိုယ်တိုင် ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။

Photo: Kyaw Thu

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။



က္က