၂ နှစ်ဆက်တိုက်တောင်နော်။
ပိုပို ရဲ့ သီချင်းတွေက ထိုင်းနိုင်ငံရဲ့ Top 5 စာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီ့အတွက်လည်း သူမရဲ့ ပီတိစကားတွေ ကို အခုလို ပြောပြလာပါတယ်။  

Photo: ပိုပို



အဆိုတော် ပိုပို ရဲ့ သီချင်းတွေဟာ ထိုင်းနိုင်ငံမှာ နှစ်နှစ်ဆက်တိုက် လူကြိုက်အများဆုံး သီချင်းအဖြစ် ရပ်တည်နေတယ်လို့ ဝမ်းသာအားရနဲ့ ပြောပြလာပါတယ်။ ထိုင်းနိုင်ငံက မြန်မာပရိသတ်တွေကလည်း ပိုပို့ကို ချစ်ခင်အားပေးကြတာ များပါတယ်။

'' ထိုင်းမှာ ကိုယ့်သီချင်းတွေ ဟာ ၂နှစ်ဆက်တိုက် လူကြိုက်အများဆုံး နံပါတ် ၃ အဆင့်မှာ ရှိတယ်လို့ ထိုင်းက Ring Tune စာချူပ်ချုပ်တဲ့ ထိုင်းလူမျိူးတွေ က ပြောပြတော့ ဝမ်းသာလိုက်တာ အထူးဝမ်းသာတာက ''ငါ့ဘဝနဲ့ငါ'' သီချင်းက အခု ပိုပို့ သီချင်းတွေ ထဲမှာ နံပါတ် ၄ ချိတ်တာပါပဲ (မထင်မှတ်ထားပဲနဲ့)''ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

 

Photo: ပိုပို

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်တာကြောင့် သူမရေးတဲ့ အဆွေးသီချင်း တော်တော် များများဟာ ပရိသတ် တွေကြား ရေပန်းစားခဲ့ပါတယ်. "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

 

Photo: ပိုပို

အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားတာဖြစ်ပါတယ်။

 

Photo: ပိုပို

၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ အဆိုတော် ပိုပိုရဲ့  Master Piece စီးရီးခွေကို မကြာခင်မှာ MTV အဖြစ် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အမိုက်စား ရိုက်ကူးမှုတွေ ပါဝင်ထားတဲ့ ပိုပိုရဲ့ Master Piece MTV & DVD အခွေကို စက်တင်ဘာ(၉)ရက်နေ့က The Sun ကနေ တဆင့် မြန်မာပြည်အနှံ့ ဖြန့်ချိသွားခဲ့တာ ဖြစ်တယ်လို့ ပိုပိုကဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က