အားကျစရာကောင်းလိုက်တာ။
 

သရုပ်ဆောင်ခိုင်နှင်းဝေတစ်ယောက် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖူးကက်မြို့ မဲခေါင်ရပ် ဘန်ဘော်စွန်(၂) အနီး အလှူမင်္ဂလာမဏ္ဍာပ်မှာ ကျင်းပပြုလုပ်နေတဲ့ တရားပွဲမှာ ပါဝင်ကုသိုလ်ယူနေတယ်လို့ သိရပါတယ်။ ဇွန်လ ၃၀ ရက်နေ့ ည ၈နာရီ ဘန်ကောက်မြို့ ကယ်ဆယ်ရေးနှင့် အောင်သပြေကျောင်းဆောင် ဆရာတော် ဘဒ္ဒန္တဇောတိက အရှင်သူမြတ်က တရားဟောကြားပေးသွားမယ်လို့လည်း ဆိုပါတယ်။



'' ယခုည ကုသိုလ်ပါဝင်ပေးမဲ့ တရားပွဲကြီးပါရှင်။ မြန်မာဆိုတာ သာသနာကိုဘယ်နေရာရောက်ရောက်ထွန်းတောက်အောင်လုပ်တတ်တဲ့ စိတ်ဓါတ်ကိုဂုဏ်ယူလေးစားလို့ ယခုလို ဖိတ်ကြားမှုအပေါ်ဝမ်းသာစွာလက်ခံခဲ့ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံတစ်ဖက်ကမ်းမှာမိသားစုနဲ့ ဝေးကွာစွာလုပ်နေကြရတဲ့ကျမတို့ မြန်မာတွေ အတွက်လာခဲ့တာပါ'' ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီ ၅၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်နှင်းဝေရဲ့ ပရိသတ်တွေနဲ့အတူ တည်ထောင်ထားတဲ့ ခိုင်နှင်းဝေပရဟိတကိုယ်စားလှယ်အသင်းဟာ ဒီနေ့(မေလ ၈)ရက်နေ့ တုန်းက အလုပ်မရရှိသေးတဲ့ မြန်မာနိုင်ငံသား အယောက်၂၀၀ ကို အလှူလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းမှာ ဒုက္ခရောက်နေတဲ့ မြန်မာလူမျိုးများကို ကူညီပေးနေတဲ့ ခိုင်နှင်းဝေပရဟိတအသင်း 

 

ခိုင်နှင်းဝေဟာ ဘာသာတရားလည်း ကိုင်းရှိုင်းသူတစ်ဦးဖြစ်ပါတယ်။ သူ ဦးဆောင်တဲ့ ပရဟိတအသင်းကနေ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကိုလည်း သာသနာ့ဘောင်ထဲကို သွင်းပေးလေ့ရှိပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ပရဟိတ အသင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြည်ပမှာ ရောက်ရှိနေပေမယ့် ဒုက္ခရောက်နေကြတဲ့ မြန်မာလူမျိုးတွေကို အချင်းချင်း ကူညီရိုင်းပင်းပြီး တတ်စွမ်းသမျှကူညီပေးနိုင်ဖို့ အတွက်ရည်ရွယ်ချက်ထားတယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ သူ့အနေနဲ့ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင်ကူညီဆောင်ရွက် ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် ဆန်ခါတင်စာရင်းထဲပါဝင်နေသူတစ်ဦး လို့ သိရပါတယ်။

Share

Loading Next Article...
က္က