သြဂုတ်လ ၃ ရက်နေ့ဆိုရင် Fan Meeting ပြုလုပ်မှာဖြစ်ပါတယ်။

ပိုင်တံခွန်ဟာ ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Fan Meeting ပြုလုပ်ရတော့မှာမို့ ရင်ခုန်စိတ်လှုပ်ရှားလို့နေပါတယ်။ ဒီ တွေ့ဆုံ ပွဲမှာတော့ အမှတ်တရတွေ အများကြီး ကျန်ခဲ့ချင်တယ်လို့ သူကပြောပါတယ်။

Photo: Paing Takon



ပိုင်တံခွန်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ သူ့ရဲ့ ပရိသတ်တွေနဲ့ ဆုံရတော့မှာဖြစ်လို့ ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်။ ဒါကလည်း သူ့အတွက် ပထမဆုံး တွေ့ဆုံမှု ဖြစ်တယ်လို့ ဆိုပါတယ်။

‘’အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အခုလာမယ့် သြဂုတ်လ ၃ ရက်နေ့ကျရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျွန်တော့်ရဲ့ ပထမဆုံး Fan Meeting လေးရှိပါတယ်ခင်ဗျာ။ ထိုင်းနိုင်ငံက ပရိသတ်တွေကိုရော၊ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာ ပရိသတ်တွေနဲ့ရော တွေ့ဆုံရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်အရမ်းပဲ ဝမ်းသာတယ်။ ရင်လည်း အရမ်းခုန်နေတယ် ခင်ဗျ’’ ဆိုပြီးတော့ Paing Takhon 1st Fanmeeting in BangKok Facebook Page မှာ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်က Live လွှင့်ရင်း ပြောပြခဲ့ပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ကိုတော့ မြန်မာနိုင်ငံအတွင်းက ဆယ်ကျော်သက် မိန်းကလေးတွေသာမက ထိုင်းနိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အသဲစွဲ မင်းသားချောလေး တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေ နဲ့ ပထမဆုံး တွေ့ဆုံပွဲမှာ အမှတ်တရတွေ အများကြီး ကျန်ခဲ့ချင်တယ်လို့ လည်း သူက ဆိုပါတယ်။

‘’ အဲဒီပွဲလေးမှာ ကျွန်တော့် ပရိသတ်တွေ အများကြီးနဲ့ အတူတူ အမှတ်တရတွေကို မှတ်တမ်းတင်ထားချင်တယ်။ Surprise တွေ အများကြီးလည်း လုပ်ချင်တယ်။ အဲဒါကြောင့်လည်း အားလုံးကို လာခဲ့ဖို့ ဖိတ်ပါတယ်ခင်ဗျာ’’ လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ရဲ့ Fan Meeting ကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Century Park Hotel Ballroom မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကိုတော့ ထိုင်းနိုင်ငံရဲ့ ဈေးနှုန်းအရ Zone A ကို ၃၅၀၀ ဘတ် ၊ Zone B ကို ၂၀၀၀ ဘတ် ၊ Zone C ကိုတော့ ဘတ် ၁၀၀၀ အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အချိန်ကိုတော့ သြဂုတ်လ ၃ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၉ နာရီမှာ Fan Sign အစီအစဉ်ပြုလုပ်မှာဖြစ်ပြီး ညနေ ၂ နာရီမှာတော့ Fan Meeting ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာခဲ့ပါပြီ။ သူဟာ ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ''ချစ်သူ'' ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က