မွေးနေ့အကြို Surprise လုပ်ခဲ့ပါတယ်။

ခိုင်နှင်းဝေဟာ မွေးနေ့မတိုင်ခင် အသင်းသားတွေ လုပ်ပေးတဲ့ Surprise ကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမဟာ ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ။

Photo: ခိုင်နှင်းဝေ



သရုပ်ဆောင် ခိုင်နှင်းဝေက မွေးနေ့မတိုင်ခင် ပရဟိတအသင်းသားတွေရဲ့ မွေးနေ့ Surprise ကြောင့် ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သူမရဲ့ မွေးနေ့ကတော့ မတ်လ ၁၃ ရက်နေ့ ဖြစ်ပါတယ်။ 

‘’နက်ဖြန်ကျရောက်မဲ့ကျွန်မမွေးနေ့လေးမတိုင်ခင်မှာ မွေးနေ့အကြိုအနေနဲ့ ကျွန်မချစ်တဲ့ မမခင်ဥမ္မာအေး (နာယက)နှင့် ကျမရဲ့ အသင်းသားများမှကျမကို Suprise အနေနဲ့ တွံတေးမြို့ မင်္ဂလာပရဟိတကျောင်းမှ ကလေး(၈၀၀) အားနေ့လည်စာကျွေးမွေး၍ ကလေးများနှင့်မွေးနေ့ပွဲကို ကျွန်မ မသိအောင် ကြိုတင်စီစဉ်ပေးထားခဲ့ပါတယ်။ တကယ့်ကိုပျော်စရာမွေးနေ့အကြိုနေ့လေးဖြစ်ခဲ့ပါတယ်’’ ဆိုပြီးတော့ မတ်လ ၁၃ ရက်နေ့ နေ့လယ် ၁၁ နာရီ ၃၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: ခိုင်နှင်းဝေ

ခိုင်နှင်းဝေ ပရဟိတအသင်းသားတွေလုပ်ပေးတဲ့ မွေးနေ့ပွဲလေးကလည်း ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့အထိအောင် ပီတိဖြစ်ခဲ့ရပါတယ်တဲ့။

‘’ကျွန်မကိုချစ်ပေးကြတဲ့အတွက်လည်း ရင်ထဲမှာ ပီတိဖြစ်ရင်း ဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်။ နောက်ထပ်နှစ်ပေါင်းများစွာလဲ ပရဟိတအလုပ်တွေမှာအတူတက်ညီလက်ညီနဲ့ လက်တွဲလုပ်ကြ ရအောင်နော်.အမြဲတမ်း လက်တွဲလုပ်နိုင်ကြပါစေလို့လဲ ဆုတောင်းမိပါတယ်ရှင်’’ ဆိုပြီးတော့ ဆက်လက်ပြောပြလာပါတယ်။

Photo: ခိုင်နှင်းဝေ

ခိုင်နှင်းဝေက မကြာသေးခင်ကမှ မိဘမဲ့ရင်သွေးလေးတွေဖြစ်ကြတဲ့  သားလေး ၃ ယောက်ကို ပိုင်ဆိုင်ခွင့်ရလိုက်ပြီဖြစ်ပါတယ်။ ဒီအတွက် သားတွေအပေါ်ထားတဲ့ သူမရဲ့ ရည်မှန်းချက်တွေကိုလည်း ဆက်လက်ပြောပြထားပါတယ်။  

‘’သားလေးတွေ နေဖို့ အမေ အိမ်လေးတစ်လုံးဆောက်နိုင်အောင် သားလေးတို့ကို ပညာတက်ကြီး ဖြစ်အောင် ကျောင်းထားနိုင်အောင် သားလေးတို့ ဆာလောင်မှုဒဏ်ကို မခံစားရခင် အမေ ကျွေးနိုင်အောင် ရှိတဲ့အားတွေနဲ့ အားတင်းပြီး ရှေ့ဆက်နေတယ်နော်။ အမေ့ မေတ္တာတွေကြောင့် သားလေးတို့ ဘဝတစ် လျှောက်လုံး အေးချမ်းနေမှာ ယုံကြည်လျှက် သားလေးတို့ရဲ့Strong Mommy ခိုင်နှင်းဝေ’’ လို့ သူကပြောပြထားပါတယ်။

Photo: ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ် ဆောင်ရွက်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က