တစ်ယောက်တည်းတောင် ပစ္စည်းတွေ ရွှေ့မနိုင်တော့ဘူးတဲ့။

ဝေဠုကျော် က သူများကိုကယ်ဖို့ပြင်ဆင်နေချိန်မှာ သူ့ရဲ့အိမ်ရေကြီးနေလို့ ပစ္စည်းတွေ နေရာပြောင်းနေရပြီတဲ့။ သူဟာ လက်ရှိမှာ အနုပညာအလုပ်ထက် ပရဟိတအလုပ်ကို ပိုဦးစားပေးနေတာ တွေ့ရပါတယ်။


Photo: Wai Lu Kyaw



ဝေဠုကျော်တစ်ယောက် မိုးတွေရွာ ရေတွေကြီးလို့ သူ့အိမ်ထဲတောင် ရေတွေ ဝင်နေပါပြီတဲ့။ ပစ္စည်းတွေ ရွှေ့ရပြောင်းရလို့ တစ်ယောက်တည်းတောင် မနိုင်တော့ဘူးလို့ဆိုပါတယ်။

‘’ကယ်ကြပါအုံးဗျို့။ သူများတွေအတွက် ကူဖို့ ကယ်ဖို့ အတွက် သွားဖို့ ပြင်ဆင်တုန်း ကိုယ့်အိမ်ပါ ရေ တက်လာလို့ ရွှေ့ပြောင်းသယ်ပို့နေရပါတယ် ကူကြ ကယ်ကြ ပါအုံးဗျို့။ WLK လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ အမြန်ဆုံးလာပေးပါ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီ ၃၄ မိနစ်က ရေးသားထားတာဖြစ်ပါတယ်။ ပစ္စည်းတွေ အပြောင်းအရွှေ့လုပ်နေတဲ့ အမှတ်တရဓာတ်ပုံတွေကိုလည်း အတူတွဲတင်ခဲ့ပါသေးတယ်။

Photo: Wai Lu Kyaw

ဝေဠုကျော်က ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။သူ့အနေနဲ့ အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းငယ်တစ်ခုဖြစ်တဲ့ (Depression) ဟာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ မုန်တိုင်းတစ်ခုအဖြစ် အဝါရောင်အဆင့်ရှိနေတာ တွေ့ရပါတယ်။ ဒီ မုန်တိုင်းကြောင့် တစ်နာရီကို လေတိုက်နှုန်း(၄၅)မိုင်နှုန်းနဲ့ လေပြင်းတိုက်ခတ်ခြင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့အတွင်းမှာရှိတဲ့ သာကေတ၊ အင်းစိန်၊မြောက်ဥက္ကလာ စတဲ့ မြို့နယ်တွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။



Photo: Wai Lu Kyaw

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။



Photo: Wai Lu Kyaw

သူဟာ သရုပ်ဆောင်နဲ့ပတ်သက်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုအောင်ဇော် ကို သတိရတဲ့အနေနဲ့ ‘’မနုစာရီ’’ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားမှာတော့ ဝေဠုကျော်ကို အောင်ထွန်း ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အနုပညာလောကသား အချင်းချင်းရိုင်းပင်းကူညီတဲ့ စိတ်နဲ့ ပါဝင်သရုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က