မိခင်ဖြစ်သူကလည်း ကွယ်လွန်ခဲ့တာ(၄) နှစ်ပြည့်ပါတော့မယ်။
Sabal Thwin

အမေများနေ့မှာ ကွယ်လွန်တာ (၄) နှစ်ပြည့်တော့မယ့် မိခင်ဖြစ်သူကို သတိရနေတယ်လို့ သရုပ်ဆောင် စမိုင်းလ်က ပြောလာပါတယ်။ 

Photo: Smile

သရုပ်ဆောင် စမိုင်းလ်ကတော့ မေလ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ သူမရဲ့ အမေကို သတိရတဲ့ အကြောင်းတွေ ပြောလာပါတယ်။ သူမရဲ့ မိခင်ကတော့ ကွယ်လွန်သွားတာ (၄) နှစ်ပြည့်တော့မယ်လို့ သိရပါတယ်။ 

" မေကြီးရေ မရှိတော့တာအခုဆို ၄နှစ်ပြည့်တော့မယ်။ အခုအချိန်ထိသမီး သူများတွေအမေနဲ့ပျော်နေတာမြင်ရင်ငိုရတုန်းပဲ။ သမီးတို့ လှူဒါန်းနေတာတွေမြင်ရင်ဘယ်လောက်စိတ်ချမ်းသာလိုက်မလဲ။ သမီးတို့ဘုရား၊တရားတွေလုပ်နေတာ မြင်ရင် ဘယ်လောက် ကျေနပ်လိုက်မလဲ။ သူများအပေါ် စိတ်ထားကောင်းဖို့နဲ့ ဘယ်တော့မှဘဝင်မမြင့်ဖို့အမြဲသင်ကြားပေးတဲ့အမေ။ အပျိုကြီးမကြီးကိုအမြဲစိတ်ပူတတ်တဲ့အမေမကြီးကသမီးတို့ကိုပြန်စောင့်ရှောက်နေတာပါ။သမီးတို့ပြုသမျှကုသိုလ်တွေအကုန်လုံးအမေရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ။ Happy Mother’s Day ပါအမေ" ဆိုပြီးတော့ မေလ ၁၀ ရက်နေ့ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Smile

သရုပ်ဆောင်စမိုင်းလ်ဟာ မေလ(၈) ရက်နေ့က ဝေဘာဂီဆေးရုံကြီးမှာ ကျပ်သိန်း(၁၀၀) ကျော်တန် အသက်ရှုစက်တစ်လုံး လှူခဲ့တယ်လို့ သိရပါတယ်။ သူမဟာ အလှူအတန်းတွေနဲ့ ပတ်သက်လာရင် မကြာခဏ ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ စမိုင်းလ်တို့မိသားစုကိုတော့ အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ စမိုင်းလ်ဟာ ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သလို၊ အရမ်းလိမ္မာတဲ့ သမီးလေး နှစ်ယောက်ကို လည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo: Smile

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကိုထိန်းသိမ်း ရ တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က