ထူးခြားပြီဆို အသိပေးမှာပါတဲ့။

သရုပ်ဆောင် ကျော်ကျော်က သူနဲ့ ဆုမြတ်နိုးဦးတို့ရဲ့ ဆက်ဆံရေးကို ပြောပြထားတာပါ။ ပရိသတ်တွေ ဘာလို့ သို့လောသို့လော ထင်နေရ တာလဲဆိုတဲ့ အကြောင်းလည်း ပါတယ်နော်။



 

အစအနောက်အရမ်းသန်တဲ့ သရုပ်ဆောင် ကျော်ကျော်နဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ တော်တော်များများ စိတ်ဝင်စားနေကြပါတယ်။ သူတို့နှစ်ယောက် တွဲနေကြတာလားဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ သရုပ်ဆောင် ကျော်ကျော်က ယခုလို ပြောပြခဲ့ပါတယ်။

"အရမ်းကို ခင်မြင်ရင်းနီးရတဲ့ ပြောမနာဆိုမနာ သူငယ်ချင်းတွေလို့လဲ ပြောလို့ရတယ်။မောင်နှမတွေလို့လည်း ပြောလို့ရတယ်။ အနီးနားမှာ လည်း ဒီလူတွေပဲ ရှိတော့ ဒါက ဒီလိုမျိုး ထင်မြင်တာတော့ မဆန်းပါဘူး။အဲ့တော့ အခြေနေနဲ့ အချိန်အခါဆိုတော့ အမြဲပြောင်းလဲနေတာလေ။ ဘယ်အရာမှ အတည်တကျ ပြောလို့မရပါဘူး။ဘာတွေရှေ့ဆက်ပြီးတော့ ဖြစ်လာမလဲ ဆိုတာမသိဘအခုလောလောဆယ်တော့ အေးဆေးပဲ ။ ဘာမှလည်း မရှိဘူး။တစ်ခုခုထူးခြားတယ်ဆိုရင်ပြောမှာပါ။ " ဆိုပြီး ဇူလိုင်(၂၇) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆုမြတ်နိုးဦးရဲ့ မွေးနေ့အကြို အလှူပွဲမှာ ပြောပြခဲ့တာပါ။

ထူးခြားပြီ ဆိုတာနဲ့ ပရိသတ်တွေကို အသိပေးမှာပါလို့ ကျော်ကျော်က ဆိုပါတယ်။ ယခုလိုမျိုး သူတို့နှစ်ယောက်ကို ပရိသတ်တွေ ထင်ကြတာနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါသေးတယ်။

"အဓိကတော့လေ ကျော်ကျော်က လိုက်နောက်တာကို နောက်လည်းနောက်တတ်တယ်။ နောက်စရာပြောစရာ  မိန်းကလေးကလည်း စိတ်မဆိုးတာဆိုလို့ သူတစ်ယောက်ပဲ ရျိတာလေဒါကြောင့်လည်း ပါပါတယ်။အဲ့ဒါကြောင့် ပရိသတ်တွေက ပိုထင်တာပါ။ ကျွန်တော်တို့ ဒီနေ့အလှူလုပ်တဲ့ ပုံတွေတက်လာရင်လည်း ပရိသတ်တွေ ထင်ကြဦးမှာပါ။အကယ်၍များပရိသတ်တွေ ထင်သလို ပြောင်းလဲသွားရင်လည်း ကျွန်တော်တို့ ပြောမှာပါ။" လို့ ကျော်ကျော်က ဆက်လက်ဖြေဆိုထားပါသေးတယ်။

Photo : ကျော်ကျော် FB

သူ့အနေနဲ့ ချစ်သူထားမယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် လုပ်ယူနေရတာတွေကို မကြိုက်ဘူးလို့ ဆိုပါတယ်။ အလိုလိုနား လည်ပြီး သိပ်ညှိနှိုင်းစရာမလိုတဲ့  မိန်းကလေးမျိုးဆို သူ့နဲ့အဆင်ပြေတယ်လို့ ဆိုပါတယ်။

"ကိုယ့်အပေါ်နားလည်ပြီးတော့ စိတ်ကောင်းစေတနာကောင်းနဲ့ ခံယူချက်ကောင်းကောင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ဖေးမနိုင်ဖို့ အရေးကြီးတယ်။အဓိကတော့ ကိုကျော်အနေနဲ့ လုပ်ယူတာတွေ မကြိုက်ဘူးနင်မကြိုက်ငါမလုပ်ဘူး။ငါမကြိုက်နင်မလုပ်နဲ့ဆိုပြီး လိုက်ညှိ နေရတာထက် ကိုယ့်ကို အလိုလိုနာလည်မယ် ကိုယ်ကလည်း သူ့ကို အလိုလိုနားလည်ပြီးတော့ သိပ်ပြီးလိုက်ညှိနှိုင်းစရာမလိုတဲ့ မိန်းကလေး မျိုး ဆို အဆင်ပြေမယ်မဟုတ်ရင်တော့ အဆင်ပြေပါတယ်" လို့ သူက ဆိုပါတယ်။

Photo : ကျော်ကျော် FB

သရုပ်ဆောင်ကျော်ကျော်ကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာ ဖြစ်ပါ တယ်။ အခုလက်ရှိမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျော်ကျော်ပါဝင်ထားတဲ့ အရိပ်ဇာတ်လမ်း တွဲကိုလည်း အခုလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်ကျော်က ပေါက်ကျိုင်း ဆိုတဲ့ ကာရိုက်တာနဲံ့ ပါဝင်သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က