ချစ်စရာလေးတွေ။

နှစ်ယောက်အတူတူတွဲပြီး အနုပညာလှုပ်ရှားမှုလေးတွေ လုပ်တာတွေ့ရလို့ ပရိသတ်တွေကလည်း ပျော်နေပါပြီ။ ဘုန်းမင်းနေလနဲ့သဇင်ထူးမြင့်တို့နှစ်ဦးဟာ ၂၀၁၈ခုနှစ် အကယ်ဒမီ ရွှေကြိုမောင်မယ်လေးတွေထဲမှာ အတွဲညီဆုံး စုံတွဲလေးဖြစ်သလို ပရိသတ်တွေ အချစ်ခံရတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

Photo : သဇင်ထူးမြင့်

လက်ရှိမှာ သူတို့နှစ်ယောက်ဟာ အနုပညာလှုပ်ရှားမှုလေးတွေ အတူတူ လုပ်ကိုင်နေတာတွေ့ရပါတယ်။ သင်္ကြန်သီချင်းတွေ အတူတူ ရိုက်ကူးနေသလို ကြော်ငြာတွေလည်း အတူတူ ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဒီနေ့(ဧပြီ၁၁ရက်)မှာလည်း သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ ဖေ့စ်ဘွတ်မှာ သဇင်ထူးမြင့်နဲ့ ဘုန်းမင်းနေလတို့ အတူတူ သရုပ်ဆောင်နေတဲ့ ရိုက်ကွင်းပုံလေးတွေတင်ထားပါသေးတယ်။

Something new is coming soon” ဆိုပြီး ခင်ဇာခြည်ကျော်က ရေးထားပါသေးတယ်။ ရိုက်ကွင်းပုံလေးတွေထဲမှာ သဇင်ထူးမြင့်က ဘုန်းမင်းလကို မိတ်ကပ်တွေလိမ်းပေးနေတာ ဖြစ်ပါတယ်။

Photo : သဇင်ထူးမြင့်

သူတို့ပုံလေးကိုကြည့်ပြီး ပရိသတ်တွေ အသည်းယားနေကြပါတယ်။ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလကလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ တက်သစ်စ အနုပညာရှင်တစ်ဦးဖြစ်သလို သရုပ်ဆောင် ခင်လှိုင်ရဲ့သမီး သဇင်ထူးမြင့်ကလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူလေး ဖြစ်ပါတယ်။

Photo : သဇင်ထူးမြင့်

ခင်ဇာခြည်ကျော်အနေနဲ့ သားဖြစ်သူကို အနုပညာအလုပ်တွေ လုပ်စေချင်သလို ပညာတက်ပြီး တစ်ယောက် ဖြစ်စေချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ ဘုန်းမင်းနေလက စင်ကာပူမှာ ပညာသင်ယူလျက်ရှိပြီး ကျောင်းပိတ်တဲ့အချိန်တွေမှာ မြန်မာနိုင်ငံပြန်လာပြီး အနုပညာအလုပ်တွေ ပြန်လုပ်နေတာ တွေ့ရပါတယ်။

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲ ရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထားလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။



က္က