သရုပ်ဆောင်မောင်ဟာ နန္ဒာလှိုင်ရဲ့ မောင်ဖြစ်ပါတယ်။

သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ မောင်အရင်း ဖြစ်သူ သရုပ်ဆောင် မောင်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Photo: Mg



သရုပ်ဆောင် မောင်ဟာ အစ်မဖြစ်သူ နွေးနွေးလှိုင်တစ်ယောက် Covid Positive ကြောင့် ဆေးကုသမှု ခံယူနေရချိန်မှာအမဖြစ်သူရဲ့ ရင်သွေးလေးတွေနဲ့အတူ Hotel Quarantine ဝင်ရင်း ပြုစု စောင့်ရှောက်ပေးခဲ့တာ တွေ့ရပါတယ်။ ဒီနေ့ (စက်တင်ဘာလ ၂၂ ရက်) မှာထွက်ရှိလာတဲ့ ဆေးစစ်ချက် အဖြေအရ သူနဲ့ အတူ အသက်(၅) နှစ်အရွယ် ကလေး တစ်ဦးနှင့် အိမ်အကူ မိန်းကလေးတွေမှာ Covid Positive အဖြေ ထွက်ရှိခဲ့တယ်လို့ သူ့ရဲ့ လူမွန်ကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာက တဆင့် ပြောပြလာပါတယ်။ 

" ကျွန်တော်တို့စစ်ထားတဲ့အဖြေရပါပြီ။ ကျွန်တော်ရယ်၊ ၅နှစ်လေးရယ်၊ အိမ်အကူ ၃ ယောက်ရယ် Positive ဖြစ်ပြီး၊ အကြီး နှစ်ယောက်ရယ် ၈၆ နှစ်အဖွားရယ်က Negative ပါ။ ၁၀ နှစ်သားဝန်းကျင် ကလေးနှစ်ယောက်နဲ့ ၈၆ နှစ်အဖွားကို ဒီတိုင်းထားခဲ့လို့မဖြစ်နိုင်လို့ ရီရီ က Q လိုက်ဝင်ပြီး ကလေးနှစ်ယောက်နဲ့နေပေးနေပါတယ်။ အငယ်ဆုံးလေးကို အမေရှိတဲ့တောင်ဥက္ကလာဆေးရုံ လိုက်ပို့ပေးလို့ရအောင်ကူညီပေးတဲ့ ကျန်းမာရေးက အစ်ကိုတွေနဲ့ သူငယ်ချင်းတွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်။" ဆိုပြီးတော့ စက်တင်ဘာလ(၂၂) ရက်နေ့ ည (၇) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Mg

ဒီနေ့မှာပဲ သရုပ်ဆောင် မောင် က ဧရာဝတီစင်တာမှာ Quarantine စဝင်နေပြီဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

"ကျွန်တော်ကတော့ ဧရာဝတီစင်တာမှာ ရောက်နေပါပြီ။ အားလုံးကတော့ ကျန်းကျန်းမာမာပါပဲ။ အငယ်လေးလည်း Positive ဆိုပင်မယ့် အမေဆီ ရောက်သွားလို့ စိတ်အေးရပါပြီ။ အကြီးနှစ်ယောက်လည်း အန်တီ အသစ်လေးနဲ့ အစဉ်ပြေနေတယ်ပြောပါတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Mg

သရုပ်ဆောင် မောင် ကိုတော့ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ မောင်လေး အငယ်ဆုံး အဖြစ် ပရိသတ်တွေ သိခဲ့ကြတာပါ။ မောင် ဟာ ဗီဒီယို ဇာတ်ကားများ၊ TV ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ပိုဦးစားပေး လုပ်ကိုင်လျှက်ရှိပြီး အနုပညာလောကနဲ့ ဝေးကွာခဲ့တာ ကြာပြီဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က