သူမရဲ့ အစ်မတွေနဲ့ အတူတူပါပဲတဲ့။

စိုးပြည့်သဇင် ဟာ အကယ်ဒမီဆုရ အနုပညာရှင်တစ်ယောက်အဖြစ် ရုပ်ရှင်သမိုင်းပြတိုက်မှာ သူမရဲ့ အစ်မတွေနဲ့အတူ မှတ်တမ်းတင် ခံထားရတဲ့အပေါ် သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။

Photo: Soe Pyae Thazin



သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ ရုပ်ရှင်သမိုင်းပြတိုက်မှာ သူမရဲ့ အကယ်ဒမီဆုရ ဓာတ်ပုံလေးကို မှတ်တမ်း တင်ထားတာကြောင့် အရမ်းပျော်နေမိတယ်လို့ ဆိုပါတယ်။ 

"ကြည်နူးပျော်ရွှင်ရတဲ့နေ့လေးတစ်နေ့ ရုပ်ရှင်နှစ်(၁၀၀) ပြည့်ပွဲ ချစ်ရသောအနုပညာရှင်တွေနဲ့ပြန်တွေ့ဆုံရတဲ့နေ့လေး။ ကိုယ့်ပုံလေးကိုပြတိုက်မှာတွေ့ရတဲ့အချိန်လေး ရုပ်ရှင်သမိုင်းပြတိုက်လေးမှာကိုယ်ဟာ အနုပညာရှင်တစ်ယောက်အဖြစ်အသိအမှတ်ပြုထားခြင်းခံရတာလေးကို ဂုဏ်ယူစွာပျော်ရတဲ့နေ့လေး" ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်ဟာ ၂၀၀၉ ခုနှစ်က "မိုးည အိပ်မက်မြူ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူဖြစ်ပါတယ်။ သူမကိုတော့ အစ်မ ဝမ်းကွဲတွေ ဖြစ်တဲ့ ထပ်ဆင့် အကယ်ဒမီ စိုးမြတ်သူဇာ၊ ထပ်ဆင့်အကယ်ဒမီစိုးမြတ်နန္ဒာ တို့နဲ့ အတူ အကယ်ဒမီ မိသားစု အဖြစ် ရုပ်ရှင်သမိုင်းပြတိုက်မှာ မှတ်တမ်းတင် ခံထားရတာဖြစ်ပါတယ်။  စိုးပြည့်သဇင်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ။ 

Photo: Soe Pyae Thazin

 စိုးပြည့်သဇင်က အသက်(၁၈) နှစ်အရွယ်မှာ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က