လူငယ်ဟာသ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်တဲ့။
Sabal Thwin

ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးမယ့် "Yangon In Love" ရုပ်ရှင်ကားကြီးထဲမှာ သရုပ်ဆောင် ဝင်းခန့်မိုးနဲ့ သရုပ်ဆောင် နန်းထရေစီတို့ ပါဝင်လာတာ တွေ့ရပါတယ်။ ဒီဇာတ်ကားကတော့ ထူးပိုင်ဇော်ဦးအတွက် စတုတ္ထမြောက် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

Photo: Htoo Paing Zaw Oo



ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးဖြစ်တဲ့ "Yangon In Love" ရုပ်ရှင်မှာ အကယ်ဒမီများရှင် ဝါရင့်သရုပ်ဆောင်ကြီး ချိုပြုံးရဲ့ မြေး ဝင်းခန့်မိုးလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကတော့ ထူးပိုင်ဇော်ဦးရဲ့ စတုတ္ထမြောက် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ 

" ဝင်းခန့်မိုး ကတော့ Yangon In Love ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ အဓိကသရုပ်ဆောင် နောက်တစ်ဦး ပါ။ လရဲ့အောက်ဘက်မိုင်အဝေးမှာ ရုပ်ရှင်မှာ ဒီပါ အနေနဲ့ ပါဝင်ထားပြီး ဒီ ဇာတ်ကားမှာလဲ ဘယ်လို ဇာတ်ကောင် နဲ့ အကောင်းဆုံးပါဝင်မလဲ ဆိုတာ" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Htoo Paing Zaw Oo

ထူးပိုင်ဇော်ဦးကတော့ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်မှာ ထပ်မံပါဝင်မယ့် မင်းသမီးချောလေး တစ်ယောက်ကို ထပ်မံ မိတ်ဆက်လိုက်ပါသေးတယ်။ သူကတော့ ပရိသတ်အားပေးမှုအများကြီးပိုင်ဆိုင်ထားတဲ့ နန်းထရေစီ ပဲဖြစ်ပါတယ်။ 

"Yangon In Love" ရဲ့ အဓိကသရုပ်ဆောင် နောက်တစ်ဦးကတော့ နန်းထရေစီ ပဲ ဖြစ်ပါတယ်။နန်းထရေစီ က ည ရုပ်ရှင်ထဲမှာလဲ ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားမှုခံရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဒီဇာတ်ကားမှာတော့ ဘယ်လို ကွဲပြားခြားနားတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်မလဲ ဆိုတာ.." ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညက ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပြန်ပါသေးတယ်။ 

Photo: Htoo Paing Zaw Oo

"Yangon In Love" ရုပ်ရှင်ကားကြီးထဲမှာ အနုပညာရှင်ပေါင်း ၂၆ ယောက် ပါဝင်သွားမယ်လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။ သူတို့ကတော့ ရှိန်းတင်ထူး၊ ရဲထွဋ် ၊ မြတ်နိုးအေး၊ သုတအောင်၊ ကူးကူးဇင်အောင်၊ ဝင်းခန့်မိုး၊ နန်းထရေစီ တို့အပြင် နောက်ထပ် အနုပညာရှင်များစွာလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ လက်ရှိ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ လူငယ် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့ကိုတော့ "ည" ရုပ်ရှင်ကားကြီးကို ပုံဖော်ခဲ့တဲ့ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်အားပေးမှုတွေ ရရှိလာတာ ဖြစ်ပါတယ်။

Photo: Htoo Paing Zaw Oo

Yangon In Love ရုပ်ရှင်ကားကြီးမှာ ပါဝင်သွားမယ့် ဝင်းခန့်မိုးကိုတော့ ၂၀၁၈ ခုနှစ်အကယ်ဒမီဆုပေးပွဲမှာ ရွှေကြိုမောင် တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာပါ။ သူဟာ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ အတူ "လရဲ့အောက်ဘက် မိုင်အဝေးမှာ" ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ Yangon In Love ရဲ့ နောက်ထပ်မင်းသမီးချောလေး နန်းထရေစီကိုတော့ ည ရုပ်ရှင်ဇာတ်ကား ကြီးကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူမဟာ ပရိသတ်အခိုင်အမာ ရရှိလာသူတစ်ယောက်ဖြစ်ပြီး TV ကြော်ငြာတွေလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က