အားလုံးကို ချစ်တယ်တဲ့။

ရုပ်ရှင်ဇာတ်ကား Press Show တစ်ခုမှာ နေမင်း အင်တာဗျူး ဖြေနေတဲ့ ပုံလေးကို snapshot ဖမ်းပြီး Troll နေကြတာနဲ့ ပတ်သက်ပြီး ပြန်ပြောထားတာဖြစ်ပါတယ်။

Photo ; နေမင်း



နေမင်းက သူ့ကို troll ထားတဲ့ ပုံလေးကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြန်တင်ထားတာပါ။ သူ့ရဲ့ snapshot ပုံလေးကို ကြည့်ပြီး ပရိသတ်တွေ ပျော်နေရင်ပဲ ကျေနပ်တယ်လို့ ဆိုပါတယ်။

“ဒီပုံလေးတွေမြင်ရင် အနည်းဆုံး ပြုံးကြမယ် အများဆုံး ရယ်ခွီ ကြမယ် ဟုတ်တယ် ဟုတ် အားလုံးကို ပြုံးပျော်စေသော ဒီပုံလေးများအတွက် ကျွန်တော် ဘယ်လောက်တောင် ကုသိုလ်တွေရနေပြီလဲ မသိဘူးကွယ်တွေးရင်းဖြင့် ကုသိုလ်ပီတိ ဖြစ်မိသူပါငယ် မည်သို့ပင်ဆိုစေကာမှု ကျွန်တော် သည် အားလုံးကို ချစ်သည်၊ကျေနပ်သည်” ဆိုပြီး ဇူလိုင် (၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo ; နေမင်း

အဲဒီပုံလေးတွေက ဇူလိုင်(၆) ရက်နေ့က ပြုလုပ်တဲ့ “ချာလီဘ” ရုပ်ရှင်ဇာတ်ကား Press show မှာ အင်တာဗျူး ဖြေဆိုနေတဲ့ ပုံလေးတွေ ဖြစ်ပါတယ်။နေမင်းက သူ့ကို Troll တိုင်း စိတ်မဆိုးတတ်သူလည်း ဖြစ်ပါတယ်။ မျက်နှာခွဲစိတ်မှု ပြုလုပ်တဲ့ အချိန်လုံးကလည်း တောက်လျှောက်ဆိုသလို Troll ခံခဲ့ရပါသေးတယ်။

နေမင်းက သူ့ရဲ့ မညီတဲ့ မေးရိုးနှစ်ခုကို ညီအောင် ညှိလိုက်တာဖြစ်ပြီး ပါးစပ်ထဲက အသားအပိုလေးတွေကို ခွဲစိတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာကို V-shape ဖြစ်အောင် ပြင်လိုက်ခြင်း မဟုတ်ကြောင်းကိုလည်း အဲဒီနေ့က အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Photo ; နေမင်း

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က