ပရိုဂျူဆာ၊ဒါရိုက်တာအနေနဲ့ထုတ်ရိုက်ချင်တာတဲ့။

သရုပ်ဆောင် ပြေဇင်ကတော့ ရုပ်ရှင်တစ်ကားလောက် ရိုက်ချင်လို့ သူ့ရဲ့ ကိုယ်ပိုင်ခြံလေးကို ရောင်းနေတာ တွေ့ရပါတယ်။ ပိုက်ဆံပိုနေကြသူများ သူ့ရဲ့ ခြံလေးကို ဝယ်ကြပါလားဆိုပြီး ပြောထားတာပါတယ်။

 

Photo : ပြေဇင်



ပြေဇင်က သူကိုယ်တိုင် ပရိုဂျူဆာ ဒါရိုက်တာ လုပ်ပြီး ရုပ်ရှင်တစ်ကားလောက် ရိုက်ချင်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လည်း တောင်ဒဂုံ(၁၇) ရပ်ကွက်မှာ ရှိတဲ့ သူ့ရဲ့ ခြံလေးကို ရောင်းနေတာ တွေ့ရပါတယ်။

“တစ်ခါမှဒီလိုပိုစ့်မျိုးမတင်ဖူးပါဘူး။စံပြဈေးမီးပွိုင့်ကိုဖြတ်ကျော်ပြီးတည့်တည့်လာရင် တောင်မြောက်လမ်းဆုံကိုရောက်ပါမယ်။ တောင်မြောက်လမ်း ဆုံကနေတည့်တည့်ဆက်လာရင် မောင်းမကန်လမ်းဆုံမီးပွိုင့်ကိုရောက်ပါမယ် မောင်းမကန်ပွိုင့်ကိုကျော်လိုက်တာနဲ့ နတ်စင်ကားမှတ်တိုင်ရှိပါတယ်။ ကားမှတ်တိုင်နဲ့ကပ်လျ က်မှာစိန်ပန်းမြိုင်လမ်းဆိုတာရှိတယ်။တောင်ဒဂုံ၁၇ရပ်ကွက်ပေါ့။ လမ်းထဲဝင်ဝင်ချင်းမှာ ဖူဆလ်ဘောလုံး ကွင်းရှိပါတယ်။ ကွန်ကရစ်လမ်းပါ။ဘောလုံးကွင်းကနေအိမ်ပေါင်းဆယ့်သုံးလေးလုံးကိုကျော်တာနဲ့အမှတ်၃၂၈ဆိုတဲ့ကျွန်တော်ပိုင်ဆိုင်တဲ့ခြံလေးရှိပါတယ်။ ပေ၄၀×၆၀ အကျယ်ရှိပါတယ်။တဲအိမ်သေးသေးလေးနှစ်လုံးပါပါတယ်။ခုလိုမိုးရာသီဆိုရေအနည်းငယ်ဝပ်ပါတယ်။ ၂၀၁၄ခုနှစ်လောက်က ကျွန်တော်ဝယ်ထားတာပါ။ သိန်း၈၅၀ပေးရပါတယ်။ပါမစ်မြေပါ။ခု ပြန်ရောင်းချင်ပါတယ်။ သိန်း၈၅၀တော့ပြန် လိုချင်ပါတယ် ။မြေဈေးတွေကျနေတာ ကိုနားလည်ပါတယ်။သိန်း၉၀၀ သိန်း၁၀၀၀ပေးလည်း စိတ်မဆိုးပဲဝမ်းသာမိမှာပါ” ဆိုပြီး ဇွန်လ(၂၇) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ပြေဇင်

ရုပ်ရှင်ရိုက်ဖို့အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ အသနားခံ အောက်ကျို့ပြီး မတောင်းဆိုချင်လို့ပါဆိုပြီး ပြေဇင်က ပြောထားပါတယ်။

“မည်သူတစ်ဦးတစ်ယောက်ကိုမှ အသနားခံအောက်ကျို့ပြီး "ကျွန်တော့်ကို ရုပ်ရှင်တစ်ကားလောက်ပေးရိုက်ပါ" မတောင်းဆိုချင်လို့ပါ။

အဲဒီ့ခြံလေးရောင်းပြီး ရုပ်ရှင်တစ်ကားလောက်ရိုက်ချင်လို့ပါ။ကျွန်တော်မင်းသားလုပ်မှာမဟုတ်ပါဘူး။ပရိုဂျူဆာ ဒါရိုက်တာလုပ်မှာပါ။

သိန်း၈၅၀နဲ့လောက်အောင်ရိုက်မှာပါ။ရိုက်ချင်တာပဲသိပါတယ်။ကျန်တာမသိပါဘူး။ပန်းဝေဝေရုပ်ရှင်ထုပ်လုပ်ရေးက ရုပ်ရှင်မျိုးမကြည့်ရတာ ၁၅နှစ်တောင်ကျော်ပြီလေဗျာ။ပိုက်ဆံပိုနေကြသူများ ကျွန်တော့်ခြံလေးကိုဝယ်ကြပါလားဗျာ။စိတ်ဝင်စားရင်ဆက်သွယ်ပေးကြပါ.” ဆိုပြီး ပြေဇင်က ပြောထားပါသေးတယ်။

Photo : ပြေဇင်

ပြေဇင်ဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ယခုလက်ရှိ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ဗီဒိယိုဈေးကွက်ပျက်ပြီးနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေကို ပိုဦးစားရိုက်ကူးဖြစ်တဲ့ သူက ဒါရိုက်တာ ကျော်သူ ရိုက်ကူးတဲ့ ၁၀၀၄ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က