ပစ္စည်းစုစုပေါင်း သိန်း၂၀ ဖိုးရှိပါတယ်။

ဖွေးကတော့ စက်မှုအလွှာက လောကသားတွေအတွက် ဆန် နဲ့ တခြားလိုအပ်တာတွေကို လှူဒါန်းနေတာ တွေ့ရပါတယ်။ သူမဟာ အသက် ၃၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

Photo: Theingi San Htwar



ဖွေးဖွေးဟာ သူ့ရဲ့ မွေးနေ့အမှတ်တရ အလှူအဖြစ် စက်မှုအလွှာက အနုပညာလောကသားတွေ အတွက် ငွေကျပ် သိန်း ၂၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့တာတွေ့ရပါတယ်။ ဒီအလှူကိုတော့ သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်နေတာဖြစ်ပါတယ်။

‘’ဖွေး မွေးနေ့အမှတ့်တရရုပ်ရှင်စက်မှုအလွှာအတွက်...သိန်း၂၀ ဖိုး..လိုအပ်ပစ္စည်းများလှူဒါန်းခြင်း နှင့် ရေဘေးအတွက် ၃ သိန်း လှူဒါန်းပါတယ်။ ပီတိလေး တွေဝေမျှ’’ ဆိုပြီးတော့ မိခင်ဖြစ်သူ ဒေါ်သိင်္ဂီစံထွား ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သြဂုတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီကျော်က Live လွှင့်ရင်း ပြောပြထားပါတယ်။

ဖွေးဖွေးဟာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က အသက် ၃၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာတော့ မိသားစု၊ Fan တွေနဲ့အတူ ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှာ သီးစုံဟင်းနဲ့ စတုဒီသာအလှူတွေ ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက် မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ပြီး အလှူငွေ(၁၁)သိန်း လှူဒါန်းခဲ့သလို ရုပ်ရှင်အစည်းအရုံးမှာလည်း စက်မှုအဖွဲ့သားတွေအတွက် သိန်း(၂၀)လှူဒါန်းခဲ့တယ်လို့ ဖွေးဖွေးက ဆိုပါတယ်။ မိဘ နှစ်ပါးကိုလည်း ငွေကျပ် ၃၁ သိန်းစီ ကန်တော့ခဲ့တာ တွေ့ရပါတယ်။

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ေ ဆာင်တစ်ယော က်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကေ နတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ဖွေးဖွေး(Phway Phway)ဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။          


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က