သူ့အတွက်တော့ အတွေ့အကြုံအသစ်တွေရှိခဲ့ပါတယ်တဲ့။

လွင်မိုးဟာ ‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားမှာ သူနဲ့ သရုပ်မဆောင်ခဲ့ဖူးတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးခဲ့ရတဲ့ ခံစားမှုတွေကို အခုလို ပြောပြလာပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော် နဲ့ ဖွေးဖွေး တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: Lwin MOe



သရုပ်ဆောင် လွင်မိုးက လူငယ်အနုပညာရှင်တွေနဲ့ ရိုက်ကူးခဲ့ရတဲ့ ‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားအပေါ် သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၂၀၁၉ ခုနှစ်အတွင်း ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေကြပါတယ်တဲ့။

‘’လူငယ်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာအတွေ့အကြုံအသစ်’’ ဆိုပြီးတော့ ဇွန်လ ၁၆ ရက်နေ့ မနက် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သူစိမ်းအိမ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပိုစတာ ကိုလည်း သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: Lwin Moe

သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Good Old Day Film က ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးထားတာပါ။ အဓိက ဇာတ်ဆောင်တွေ အနေနဲ့ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ လင်းဇာနည်ဇော် တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားဟာ ထူးပိုင်ဇော်ဦးအတွက်တော့ ဒုတိယမြောက် ကြိုးစားအားထုတ်ခွင့်ရထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။



Photo: Lwin Moe

ွင်မိုးဟာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

Photo: Lwin Moe

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ လွင်မိုးက ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က