ဘယ်လိုများ သုံးသပ်ထားမလဲ။

သရုပ်ဆောင် ဇဏ်ခီက လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်လိုက်ပါတယ်။ သူကိုယ်တိုင်ကြည့်ပြီး ပြောပြထားတဲ့ ဇာတ်ကားက ဘယ်လိုဖြစ်နေမလဲ။

Photo : ဇဏ်ခီ

ဇဏ်ခီက ဇူလိုင်(၂၄) ရက်နေ့က ပြုလုပ်တဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကား အထူးပွဲ ပြသတဲ့နေ့မှာ လာရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။ “ည” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ သူစိမ်းအိမ်ကို ကြည့်ပြီး ယခုလို ဝေဖန်သုံးသပ်ပေးခဲ့ပါတယ်။

“သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားတစ်ကား စနစ်တကျနဲ့သေသေသပ်သပ်ပြီးမြှောက်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ပြီးမြှောက်ပြီးပြန်ရင်လဲ ပရိတ်သတ်ကိုဆွဲဆောင်နိုင်ဖို့ ပိုပြီးတောင်မလွယ်ပါဘူး။သူစိမ်းအိမ် ဇာတ်ကားဟာ အထက်ပါအချက် နှစ်ချက်စလုံးနဲ့ပြည့်စုံပါတယ်။ အောင်မြင်ပါစေလို့ ဆုတောင်းပေးဖို့ မလိုပါဘူး။ ဒါပေမယ့်.. အကြီးကြီးအောင်မြင်ပါစေ!” ဆိုပြီး ဇူလိုင်(၂၆) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားဟာ သြဂုတ်လ(၁) ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားထဲမှာလွင်မိုး၊ထွန်းအြိန္ဒာဗို၊ ဖွေးဖွေး၊လင်းဇာနည်ဇော်၊ မြတ်နိုးအေး၊ ချာလီ၊ ရှိန်းတင့်ထူး၊ ဂျိုကာတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

Photo : ဇဏ်ခီ

ဇဏ်ခီဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးနေရင်းနဲ့ သူရိုက်ကူးထားတဲ့ “Now & Ever” ရုံတင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ Now & Ever ဇာတ်ကားကို ဒါရိုက်တာ ခရစ္စတီးနားခီ က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ ဇဏ်ခီ၊ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo : ဇဏ်ခီ

ဇဏ်ခီက သရုပ်ဆောင်တစ်ယောက် မဖြစ်ခင်ကတည်းက ဂီတအလုပ်တွေ လုပ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အဆိုတော်မဒီရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘’ဒဏ္ဏာရီ’’ သီချင်းကိုလည်း ဇဏ်ခီက ရေးစပ်သီကုံးပေးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း တစ်ကိုယ်တော်အခွေ ထွက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : ဇဏ်ခီ

ဇဏ်ခီဟာ အခုချိန်မှာတော့ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား ကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က