Sabal Thwin

ဖွေးဖွေးကတော့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းအကြောင်းအရာတွေကို မပြောပြစေချင်ပါဘူးတဲ့။ ဇာတ်ကားကို စိတ်ဝင်စားပြီး မကြည့်ရသေးတဲ့သူတွေကိုလည်း ခံစားချက်အပြည့်နဲ့ အားပေးစေချင်တယ်လို့ ဆိုပါတယ်။

Photo: Phway Phway

ပရိသတ်အချစ်တော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးဟာ ‘’သူစိမ်းအိမ်’’ ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို အကျဉ်းချုပ် မပြောပြစေလိုဘူးလို့ ပြောပါတယ်။ ဒီဇာတ်ကားကို အားပေးပြီးသား ပရိသတ်တွေအနေနဲ့ ဇာတ်ကားမကြည့်ရသေးတဲ့ ပရိသတ်တွေကို အစအဆုံး ပြန်မပြောပြစေချင်ပါဘူးတဲ့။

‘’No Spoiler please... Spoil လုပ်တယ်ဆိုတာ ဇာတ်လမ်းကြည့်ပြီးသူတွေက မကြည့်ရသေးတဲ့သူတွေကို ဇာတ်ရဲ့ မြှုပ်ကွက်တွေ အထွတ်အထိပ်တွေ ကို မမေးပဲကြိုပြောချလိုက်တာ ကို ပြောတာပါ။ တချို့ မကြည့်ရသေးခင် ကြိုသိချင်လို့ မေးတော့လဲတမျိုးပေါ့။ ဖွေးတယောက်ထဲ ခံစားချက်အနေနဲ့က တော့ ရုပ်ရှင်အသစ်တစ်ခုကြည့်တော့မယ် ဆိုရင် အကုန်အသစ်ကစခံစားချင်တာ။ အံ့ဩတာ တုန်လှုပ်တာ ခြောက်ခြားတာ အားလုံး ဘာမှကြိုမသိထားမှ အစစ်ခံစားမှုရနိုင်မှာလေ။ ကိုယ်က မမေးပဲနဲ့ "ဟဲ့ သူကဘာဖြစ်သွားမှာ နောက်ဆုံးခန်းကဒီလို...!! " ဆိုပြီး ကြိုပြောခံရရင် spoil လုပ်ရင် ဒေါသထွက်လွန်းလို့ ငိုတောင်ငိုဖူးတဲ့ ထိပါပဲ’’ ဆိုပြီးတော့ သြဂုတ်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။

Photo: Phway Phway

ဒီဇာတ်ကားမှာတော့ ဖွေးဖွေးက နွေဦး ဆိုတဲ့ ကောင်မလေး ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ သြဂုတ်လ ၁ ရက်နေ့က စပြီးမြန်မာတစ်နိုင်ငံလုံးမှာရှိ တဲ့အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာဖြစ်ပါတယ်။ Good Old Days ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦး ပုံဖော်ရိုက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ လွင်မိုး၊ထွန်းအြိန္ဒာဗို၊ ဖွေးဖွေး၊လင်းဇာနည်ဇော်၊ မြတ်နိုးအေး၊ ချာလီ၊ ရှိန်းတင့်ထူး၊ ဂျိုကာတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး သြဂုတ်လ(၁) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။





Photo: Amazing Grace

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကေ နတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

Photo: Amazing Grace

သူမက အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး

အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုပိုင်ဆိုင်ထား နိုင်ခဲ့ ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က