Shwe FM က ဆုချီးမြှင့်ခဲ့ပါတယ်။
Sabal Thwin

ခွင့်လွှတ်ပေးဖို့တောင်းပန်ချင် သီချင်းနဲ့ ဆုရရှိခဲ့တဲ့ ချယ်ရီသင်း။

Shwe FM ရဲ့ ၁၀နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာ Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံးဆုကိုတော့ အဆိုတော် ချယ်ရီသင်း ဆုရရှိသွားပြီဖြစ်ပါတယ်။ ဒီဆုကတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင် သီချင်း နဲ့ရရှိခဲ့တာပါ။

‘’ ဒီသီချင်းလေးကို ရေးပေးတဲ့ သူတွေ ဟာမိုနီလိုက်ပေးတဲ့သူတွေ တီးပေးတဲ့ သူတွေကိုလည်းကျေးဇူးတင်ပါတယ်။ အခုလို ဆုရအောင် ဆုတောင်းပေးကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ အိမ်က မိသားစုကိုလည်းကျေးဇူးတင်ပါတယ်။ ဖေဖေ့ကိုလည်း အရမ်းသတိရတယ်’’ ဆိုပြီးတော့ ဆက်လက်ပြောပြလာပါတယ်။

ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင် သီချင်းလေးကတော့ ဒီနေ့ခေတ် လူငယ် မိန်းကလေးတွေ၊ ယောကျာ်းလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ ဒီ သီချင်း လေးနဲ့ပဲ သူမကို ပရိသတ် စတင် သိရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ် တောင်းဆိုမှု အများဆုံးတေးသံရှင်ဆု ကိုရရှိသွားတဲ့ ချယ်ရီသင်းအတွက်ကတော့ ဒီဆုက ပထမဆုံး ဖြစ်ပါတယ်။ သူမရဲ့ ဖခင်ဖြစ်စေချင်ခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပြီလို့လည်း သူက ပြောပါတယ်။

Shwe FM ၁၀နှစ်ပြည့် ဂီတဆုပေးပွဲကြီးကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အနုပညာရှင်များစွာတို့ကလည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါတယ်။ ဘယ်အနုပညာရှင်တွေက ဘယ်လို ဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေက စိတ်လှုပ်ရှားရင်း စောင့်မျှော်ကြည့်ရှုနေရတဲ့ ပွဲ တစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။





က္က