ကျန်းမာရေးအခြေအနေကို သမီးဖြစ်သူက ပြောပြထားပါတယ်။
Sabal Thwin

လူရွှင်တော်ကြီး မန်းဝင်းက ရုတ်တရက်နှလုံးရပ်သွားခဲ့တာကြောင့် အရေးပေါ်ဆေးရုံတင်လိုက်ရတယ်လို့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းကပြောပါတယ်။ 

ဟာသလူရွှင်တော်ကြီး မန်းဝင်းကတော့ ဒီနေ့(ဖေဖော်ဝါရီလ ၁၉ရက်) က သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးရုံတက်လိုက်ရတယ်လို့ သိရပါတယ်။ ရုတ်တရက် နှလုံးရပ်ခဲ့တာဖြစ်တယ်လို့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက ပြောလာပါတယ်။ 

"ပင်လုံဆေးရုံ...အရေးပေါ်အခန်း နံပါတ်8မှာ...ဖေကြီး ဆေးရုံအရေးပေါ်တင်ထားရပါတယ်။နှလုံး ရုတ်တရက် ခေတ္တရပ်သွားသည်ဟု ပြောပါသည်။ ခုတော့ ပြန် runလာပါပြီ" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Kyi Phyu Mann Win

မန်းဝင်းဟာ သူခံစားနေရတဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အားရမှုမရှိသေးတဲ့အကြောင်းကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ကို ပြုစုပေးနေတဲ့ မိသားစုဝင်တွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။ 

‘’ ကျန်းမာရေးက တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်နေတယ်။ ကျောက်ကပ်ဆေးရတဲ့နေ့ဆိုရင် ထတောင်မထနိုင်ဘူး၊ စကားလည်းမပြောနိုင်ဘူး။ ဗိုက်ထဲမှာရော တစ်ကိုယ်လုံးကို နာကျင်နေတာပဲ။ မျက်စိမမြင်ရတာ တစ်နှစ်ကျော်ကျော်လောက်တော့ရှိပါပြီ။ မိသားစုလည်း ပင်ပန်းတာပေါ့။ အိမ်မှာ ကလေးတစ်ယောက် မွေးထားရသလိုပဲ။ အိမ်က အမျိုးသမီးရော၊ သားသမီးတွေရောက ပြုစုနေရတာပေါ့’’ လို့ သူကပြောပါတယ်။ 

Photo: Kyi Phyu Mann Win

လူရွှင်တော်ကြီး မန်းဝင်ဟာ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ ကျောက်ကပ် တစ်ခါဆေးရင် ၁ သိန်းကုန်ကျစာရိတ်ရှိတယ်လို့ သူကဆိုပါတယ်။ မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က