မင်္ဂလာပွဲက ဒီနေ့ပါ။

နေမင်း၊ဟိန်းဝေယံနဲ့ အေးမြတ်သူတို့က အကိုလို ခင်ရတဲ့ သူထူးစံရဲ့ မင်္ဂလာပွဲအတွက် စိတ်ရောကိုယ်ပါ ပါဝင်ကူညီဆောင်ရွက်ပေးနေတာပါ။

 

Photo : နေမင်း



သရုပ်ဆောင် သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ရဲ့ မင်္ဂလာပွဲက ဒီနေ့(ဖေဖော်ဝါရီ၂၂ရက်)ပါ။ အကိုလို ခင်ရတဲ့ သရုပ်ဆောင် သူထူးစံရဲ့ မင်္ဂလာပွဲအတွက် နေမင်းနဲ့ အေးမြတ်သူတို့က မင်္ဂလာပွဲ မကျင်းပမီ ညပိုင်းလောက်ကတည်း ပြင်ဆင်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။

နေမင်းကတော့ သူထူးစံရဲ့ မင်္ဂလာပွဲအတွက် မင်္ဂလာဖိတ်စာ လိုက်ကမ်းပေးတာက အစ ရိုက်ကူးရေးတွေရော၊ ပွဲစီစဉ်မှုတွေကိုပါ အသေးစိတ် လိုက်လံ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ အေးမြတ်သူက မင်္ဂလာပွဲမှာ လိုအပ်တာတွေ အားလုံးကို လိုက်လုပ်ပေးနေတာပါလို့ နေမင်းတင်ထားတဲ့ ဗီဒီယိုဖိုင်လေးမှာ ပြောထားတာတွေ့ရပါတယ်။ ဟိန်းဝေယံက မင်္ဂလာပွဲမှာ အခမ်းအနားမှုးအဖြစ် ပါဝင်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

နေမင်းက သူထူးစံရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်မှုပုံရိပ်လေးကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အမှတ်တရဖြစ်အောင် ဖေဖော်ဝါရီ( ၂၁) ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။သရုပ်ဆောင် သူထူးစံရဲ့ မင်္ဂလာပွဲက ဒီနေ့(ဖေဖော်ဝါရီ၂၂ရက်)မှာ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်နေမင်း(Nay Min)က ရုပ်ရှင်ဇာတ်ကားတွေကို သူ့စိတ်ကြိုက်ရွေးချယ်ပြီးမှာသာ ဇာတ်ကားရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။

ထို့အပြင် နေမင်းဟာ မိသားစုစီးပွားရေးဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း တာဝန်ယူ ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။အေးမြတ်သူနဲ့ ဟိန်းဝေယံတို့ဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ ပြုလုပ်နေရပေမယ့်လည်း သူထူးစံရဲ့ မင်္ဂလာပွဲအတွက် အချိန်ပေးပြီး သေချာပါဝင်ကူညီပေးဖြစ်နေတာ တွေ့ရပါတယ်။



က္က