ရင်ဘတ်တွေတောင် အောင့်ပါတယ်တဲ့။

မယ်လိုဒီက သရုပ်ဆောင် သူထူးစံရဲ့ အင်တာဗျူးတွေ ကြည့်ရင်း ရင်ဘတ်တွေအောင့်တဲ့အထိငိုခဲ့ရပါတယ်တဲ့။ သူမက လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူး။

မယ်လိုဒီဟာ သူချစ်တဲ့ အနုပညာမောင်နှမတွေရဲ့ ခံစားချက်တွေအပေါ်မှာလည်း မျှဝေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်း မကြာခင်က အကယ်ဒမီဆုရရှိခဲ့တဲ့ သူငယ်ချင်း သူထူးစံရဲ့ အင်တာဗျူးတွေ ကြည့်ရင်း စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။



‘’ စိတ်ခံစားချက်တွေ အလွန်အကြူးဖြစ်နေတယ်။ ရွှေမှုံ မိသားစုကိုကြည့်ပြီး ပျော်တယ်။ ကိုဇော်မိုး (သူထူးစံ) အင်တာဗျုးတွေကြည့်တာ ငိုနေရတာ ရင်ဘတ်ပါအောင့်တယ်။ တချို့ကိစ္စတွေ အရှုးံပေးပါတယ်ဆိုပြီး လက်မြှောက်ထားရုံမရဘူး။ ကျောပါခိုင်းနိုင်မှအသည်းနှလုံး နာကျင်တာသက်သာမှာ’’ ဆိုပြီးတော့ မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မယ်လိုဒီက အခုလက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုသာကောင်းနဲ့ သားလေး သိဒ္ဓိစစ် တို့ကိုအချိန်ပေးနေတာဖြစ်ပါတယ်။ မိသားစု အတူတူ အလှူအတန်းတွေလုပ်၊ ခရီးတွေ ထွက်နေတာကိုလည်း တွေ့ရပါတယ်။ မယ်လိုဒီဟာ ၂၀၁၄ ခုနှစ်မှာ ကိုသာကောင်းနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။

မယ်လိုဒီဟာ သားလေး သိဒ္ဓိစစ်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကို ဖူးခွင့်ရတဲ့အချိန်ဆို အမြဲ ပျော်ရွှင်နေတတ်တဲ့ သားလေး သိဒ္ဓိစစ် အကြောင်းကို အခုလို ပြောပြထားပါသေးတယ်။

''အိမ်မှာ အငြိမ်မနေရှုပ်ပွအောင် ကစားသော်လည်း ဆရာတော်ကြီးများကိုဖူးခွင့်ရချိန်မှာတော့ဖြင့် ကျွန်တော်ဟာ လူအေးလေး သိဒ္ဓိစစ် ဘဝအမောတွေ ပြေပျောက်ရပါတယ်။ သားလိမ္မာမို့ စိတ်ချမ်းသာရပါတယ်။ အမှတ်တရ ထပ်တူထပ်မျှ စိတ်ချမ်းသာ ကြပါစေရှင်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

မယ်လိုဒီရဲ့ အနုပညာလှုပ်ရှားမှုကတော့ တီဗီကြော်ငြာတွေကိုပဲ ပိုမိုရိုက်ကူးလုပ်ဆောင်နေတာ တွေ့ရပါတယ်။ သူမ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးကတော့ ချူဆီရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မယ်လိုဒီက ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်ဘူးလို့လည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က