တိမ်တိုက်တံတားရုပ်ရှင်ကားကြီးနဲ့ Actor In A Leading Award ဆုရရှိခဲ့ပါတယ်။

နေတိုးကတော့ Actor In A Leading Award ဆု ရရှိသွားတဲ့အပေါ် ကျေးဇူးတင်စကား အခုလိုပြောပြလာပါတယ်။ လက်ရှိမှာတော့ သူက မွေးရပ်မြေကို ရောက်ရှိနေတာဖြစ်ပါတယ်။

Photo: Nay Toe



သရုပ်ဆောင် အကယ်ဒမီ နေတိုးက ‘’တိမ်တိုက်တံတား’’ရုပ်ရှင်ဇာတ်ကားနဲ့ Actor In A Leading Award ဆုကို ရရှိခဲ့ပါတယ်။ ဒီ ဆု အတွက် သူ့ရင်ထဲက လာတဲ့ ကျေးဇူးတင်စကားကိုလည်း အခုလို ပြောပြလာပါတယ်။

‘’တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားမှ ကိုသက်တန့် ကြီးဆုရသွားတဲ့အတွက် ဒီရုပ်ရှင်ကိုဖြစ်မြောက်အောင် ဖန်တီးရိုက်ကူးပေးခဲ့သူများနဲ့ ထုတ်လုပ်သူများအပါအဝင် ခံစား အားပေးခဲ့ကြသောပရိသတ်များအားလုံး ကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ပရိသတ်များအတွက်ဆက်လက်ကြိုးစားပါဦးမည်။ နေတိုး’’ ဆိုပြီးတော့ ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Nay Toe

Star Awards ဆုပေးပွဲကိုတော့ နေတိုးက တက်ရောက်လာနိုင်ခဲ့ခြင်းမရှိပါဘူး။ သူဟာ မွေးရပ်မြေဇာတိဖြစ်တဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နေတိုးက ကိုသက်တန့် ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို 7 Sense Production ကနေ ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားထဲမှာ နေတိုး၊ ထွန်းထွန်း၊ ခင်ဝင့်ဝါ နဲ့ ဗီယက်နမ်မင်းသမီးချောလေး ငုရင်ထရန်ဟုရန်မေ တို့က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Photo: Nay Toe

နေတိုးဟာ ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင် းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

Photo: Nay Toe

အခုဆိုရင်တော့ နေတိုးရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း ၂၀ ရှိလို့နေပါပြီ။ ဒီအတောအတွင်းမှာလည်း သူဟာ သရုပ်ဆောင် အလုပ်ကိုလည်း တစ်စိုက်မတ်မတ် ဆောင်ရွက်သူဖြစ်သလို ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းတွေ သီဆိုရေးဖွဲ့ ခဲ့သူပါ။ သူ သီဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့် အောင်မြင်မှုတစ်ခုကို ထပ်မံရရှိခဲ့ပြန်ပါသေးတယ်။

နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ နေတိုးကို ၂၀၁၉ မတ်လမှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲမှာလည်း အကယ်ဒမီဆု သိမ်းပိုက်နိုင်ဦးမယ့်သူအဖြစ် ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က