ဒီနေ့က ယုသန္တာတင်ရဲ့ မွေးနေ့လေးပါ။

ခင်လေးနွယ်က သူငယ်ချင်း ယုသန္တာတင်အတွက် Birthday Surprise လေး ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနေ့က သရုပ်ဆောင် ယုသန္တာတင်ရဲ့ မွေးနေ့လေးပါ။

Photo : ယုသန္တာတင်

ဒီနေ့(မတ်လ၆ရက်)က သရုပ်ဆောင် ယုသန္တာတင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့လေးမှာ ငပလီရောက်နေတဲ့ သူမအတွက် သူငယ်ချင်းခင်လေးနွယ်က မွေးနေ့ Surprise လုပ်ပေးထားတာ တွေ့ရပါတယ် ။ ယုသန္တာတင်တည်းတဲ့ ဟိုတယ်ခန်းလေးကို ဘောလုံးတွေနဲ့အလှဆင်ပြီး ခင်လေးနွယ်က Birthday Surprise လေးလုပ်ပေးခဲ့တာပါ။

Photo : ယုသန္တာတင်

ထို့နောက် သူငယ်ချင်း ယုသန္တာတင်ကိုလည်း ယောကျ်ားမရပါစေနဲ့ဆိုပြီး ခင်လေးနွယ်က မွေးနေ့ဆုတောင်းစကားပြောထားပါသေးတယ်။

“ယောက်ျားမရပါစေနဲ့။ ပြီးတော့ ခရီးတွေလည်းအများကြီး သွားနိုင်ပြီး Brand တွေလည်း အများကြီး ဝယ်နိုင်ပါစေ။ ဝယ်သမျှ သွားသမျှအရာတွေကိုလည်း ရှင်းပေးနိုင်တဲ့ သူကိုယူ။ မရှင်းပေးနိုင်တဲ့သူကိုမယူနဲ့” ဆိုပြီး မတ်လ(၅) ရက်နေ့ညက ယုသန္တာတင် လွှင့်တဲ့ Live မှာ ပြောခဲ့တာပါ။

ယုသန္တာတင်ကလည်း သူငယ်ချင်း ခင်လေးနွယ် တောင်းပေးတဲ့ မွေးနေ့ဆုတောင်းလေးကို သဘောကျလို့နေပါတယ်။ ယုသန္တာတင်နဲ့ခင်လေးနွယ်တို့ဟာ ငပလီမှာ ရောက်နေကြတာပါ။ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေသွားနေတဲ့ ပုံလေးတွေကိုလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်တွေမှာ ပရိသတ်တွေအတွက် ပြန်ပြီး မျှဝေပေးထားတာကိုလည်းတွေ့ရပါတယ်။ ယုသန္တာတင်ဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးနေတာထက် ခရီးတွေပိုသွားဖြစ်နေတာ တွေ့ရပါတယ်။

ခင်လေးနွယ်က အနုပညာအလုပ်တွေထက် စီးပွားရေးဘက်ကို ပိုပြီးဦးစားပေးလုပ်ဖြစ်နေပါတယ်။ ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ပေါင်းပြီးဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။

ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။



က္က