သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေနော်။
Ei Ei Myat

သရုပ်ဆောင် မြတ်ကေသီအောင်က အရင်တုန်းက ပုံလေးတွေ တင်ပြီး စိုးမြတ်သူဇာအတွက် မွေးနေ့ဆုတောင်းစကား ပြောပေးထားတာဖြစ်ပါတယ်။

 

Photo : မြတ်ကေသီအောင်

စိုးမြတ်သူဇာနဲ့ မြတ်ကေသီအောင်တို့က အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေပါ။ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သူတို့နှစ်ဦးဟာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတွေလည်း ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ စိုးမြတ်သူဇာရဲ့ အသက်(၄၈)နှစ်ပြည့် မွေးနေ့အတွက် မြတ်ကေသီအောင်က ယခုလို မွေးနေ့ဆုတောင်းစကား ပြောခဲ့တာပါ။

“Happy birthday ချစ်သူငယ်ချင်းစိုးစိုးမတွေ့ဖြစ်တဲ့အချိန်တွေသာကြာချင် ကြာမယ် ဓာတ်ပုံတွေကတော့ ငါတို့ ဘယ်လောက်ချစ်ခဲ့ကြသလဲဆို အမြဲပြောနေပါတယ်။ မွေးနေ့မှုစ ကျန်းမားရေးကောင်းပြီး ဝင်ငွေတွေမရပ်ပဲ အလုပ်တွေလုပ်နိင်ပါစေ။နင့်သူငယ်ချင်း KK “ ဆိုပြီး မြတ်ကေသီအောင်ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၃၁) ရက်နေ့က တင်ခဲ့တာ ဖြစ်ပါတယ်။

မြတ်ကေသီအောင်ရဲ့ မွေးနေ့ဆုတောင်းစကားပြောထားတဲ့ Status အောက်မှာလည်း စိုးမြတ်သူဇာက "“အေးပါ အချစ်ဆုံးရေ"”ဆိုပြီး ပြန်ပြီး မှတ်ချက်ပေးထားပါသေးတယ်။

Photo ; စိုးမြတ်သူဇာ

မြတ်ကေသီအောင်နဲ့ စိုးမြတ်သူဇာတို့ဟာ အသက် ၁၈ နှစ်အရွယ်က စပြီး အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ ခင်မင်ရင်းနှီး လာကြတယ်တာ ဖြစ်ပါတယ်။

မြတ်ကေသီအောင်က သူငယ်ချင်းရဲ့ မွေးနေ့တိုင်းမှာ လက်ဆောင်မပေးဖြစ်သလို စိုးမြတ်သူဇာကလည်း သူမမွေးနေ့တွေမှာ လက်ဆောင်ပေးလေ့မရှိဘူးလို့ ၂၀၁၈ခုနှစ်က စိုးမြတ်သူဇာရဲ့ မွေးနေ့ပွဲမှာ ပြောပြခဲ့ဖူးပါတယ်။

'' သူနဲ့ သူငယ်ချင်းဖြစ်တာ ၁၈ နှစ်ကတည်းကဆိုတော့ အနှစ် ၃၀ လောက်ရှိပြီပေါ့နော်။ သူ့ကို မွေးနေ့ လက်ဆောင် တစ်နှစ်မှ မပေးဖြစ်ဘူး။ မွေးနေ့ လက်ဆောင် ပေးစရာမှ မလိုတာ သူငယ်ချင်းအရင်းခေါက်ခေါက်ကိုး။ သူကလည်း အစ်မကို တစ်နှစ်မှ မွေးနေ့ လက်ဆောင် မပေး ဖူးဘူး။ ဒါပေမယ့် ဘယ်သွားသွား ဘယ်လာလာ အထူးအဆန်းလေးတွေ တွေ့လို့ သူကြိုက်တတ်တာရှိရင် ကိုယ်ဝယ်လာပေးတယ်။ သူလည်း ကိုယ်ကြိုက်တတ်မယ် ထင်တဲ့ ပစ္စည်းလေးတွေဆို ပို့ပေးတယ်''လို့ ဆိုပါတယ်။

မြတ်ကေသီအောင် ဟာ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုဘဲ ဦးစားပေးဆောင်ရွက်နေတာကို တွေ့ရပါတယ်။ မြတ်ကေသီအောင် ဟာ ကြည်လင်အေးမြတဲ့ မျက်နှာ လေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထား တုန်းပါပဲ။

 


က္က