မဆုံးခင် အချိန်ထိ ဖုန်းပြောခဲ့သေးတယ်တဲ့။

ဝေဠုကျော်ကတော့ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် အောင်ဇော်အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ အောင်ဇော်တစ်ယောက် မဆုံးခင် နောက်ဆုံးအချိန်ထိ သူနဲ့ဖုန်းပြောနေခဲ့တာကြောင့် ပိုပြီးခံစားရတယ်လို့ ဆိုပါတယ်။

 

Photo : အောင်ဇော်



သရုပ်ဆောင် စူးရှရဲ့ ဖခင် ဇာတ်ပို့တစ်ယောက်ဖြစ်တဲ့ အောင်ဇော်ဟာ ဇူလိုင်(၂၁) ရက်နေ့ ညက နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားခဲ့ တာကြောင့် မိသားစုနဲ့ထပ်တူ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ အဲဒီထဲကမှ ဝေဠုကျော်ကလည်း သူငယ်ချင်းဖြစ်သူအတွက် ဖြေမဆည်နိုင် ဖြစ်လို့နေခဲ့ပါတယ်။ အောင်ဇော် မကွယ်လွန်ခင် အချိန်ပိုင်းလေးမှာ ဝေဠုကျော်နဲ့ ဖုန်းပြောနေခဲ့ပြီး အတူဆုံကြဖို့တောင် ချိန်းဆိုခဲ့သေးတယ်လို့ ဝေဠုကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ကြေကွဲစွာ ပြောပြထားခဲ့ပါတယ်။

Photo : ဝေဠုကျော်

“သူငယ်ချင်း အောင်ဇော် မင်းငါ့ကို လှမ်း နုတ်ဆက်သွားတာလားကွာ 7 : 08 pm မှာ ငါ့ဆီကို မင်းဖုန်းဆက်တယ် ကားရိုက်ရှိလို့ 23 ရန်ကုန်လာမလို့တဲ့ အေး ငါက မနက်ဖြန် မန္တလေးလာမှာ စပိဘုတ်တစ်စီးပါဆွဲလာရမှာလို့ပြောတော့ ငါအိမ်မှာလာထားတဲ့ ငါကားရေဆေးခုံ ဖွင့်ထားတယ် မင်းနဲ့တွေ့ပြီး စကာတွေပြောခြင်သေးတယ်တဲ့ နောက်ရက်မှဘဲ ရန်ကုန်သွားမယ်လို့ မင်းပြောတယ် “လို့ ဝေဠုကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၁) ရက်နေ့က ညက ရေးသားထားခဲ့တာပါ။

ဖုန်းပြောပြီး ခဏအကြာမှာ အောင်ဇော်ဆုံးပြီးဆိုတဲ့ သတင်းကြောင့် အောင်ဇော်ရဲ့ ဖုန်းကို ဆက်သွယ်ကြည့်ရာမှာ ဇနီးဖြစ်သူက ဖုန်းကိုင်ခဲ့ပြီး သူငယ်ချင်းရဲ့ နာရေးသတင်းကို မယုံနိုင်စွာ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

“9 း 45 pm မှာ မင်း သီတင်း တက်လာလို့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပြီး မင်းဖုန်းကို ဆက်လိုက် တော့ မင်းမိန်းမ ဖြူစင် ဖုန်းကိုင်တယ် ငိုလိုက်တာ ကိုဝေနဲ့ ဖုန်းပြောပြီးသိပ်မကြာဘူး ဖြစ်သွားတာတဲ့ ... ကိုဝေနဲ့ဖုန်းပြောတာတွေတောင် ပြန်ပြောပြနေသေးတယ်တဲ့ ... ငါ့ သူငယ်ချင်းကြီး အိမ်လာမယ်လို့ ပြောသွားသေးတယ် သိပ်မကြာဘူး စကားတွေပြောနေရင်းနဲ့ လဲကျသွားတာတဲ့ ငါတို့ သူငယ်ချင်းတွေ ကိုယ့် အကြောင်းတွေနဲ့ ကိုယ်မို့ မဆုံဖြစ်တာ နှစ်ချီနေပြီလေ မင်းနဲ့ တွေ့ရမှာမို့ ငါပျော်နေတာ ... ခုတော့ အားလုံးကို မင်းကထားသွားခဲ့ပြီ ငါဘယ်လို ဖြေရမှာလည်း သူငယ်ချင်းရယ် “ ဆိုပြီး ဝေဠုကျော်က ဝမ်းနည်းစွာ ပြောပြထားခဲ့ပါတယ်။

Photo : အောင်ဇော်

သရုပ်ဆောင်အောင်ဇော်ဟာ အနုပညာလောကမှာ အချိန်အတော်ကြာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ရပ်တည်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး ပရိသတ်တွေနဲ့ မစိမ်းတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်သလို အနုပညာကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ သားဖြစ်သူ စူးရှကိုလည်း အနုပညာအမွေ လက်ဆင့် ကမ်းနိုင်ခဲ့သူ တစ်ဦးပါ။ အခုလိုမျိုး အနုပညာကြယ်ပွင့်တစ်ပွင့် ဆုံးရှုံးလိုက်ရလို့ အနုပညာလောကသားတွေအားလုံးလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ သရုပ်ဆောင် အောင်ဇော်ကို ဇူလိုင်(၂၃) ရက်နေ့မှာ သဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က