ဧပြီလ ၃၀ ရက်နေ့က ခင်လေးနွယ်ရဲ့ မွေးနေ့ဖြစ်ပါတယ်။

ခင်လေးနွယ်အတွက် သူငယ်ချင်းဖြစ်သူ ယုသန္တာတင်၊ မိုးပြည့်ပြည့်မောင်နဲ့ နောက်ထပ် သူငယ်ချင်းတွေက မွေးနေ့ Surprise လုပ်ခဲ့ကြပါတယ်။ ခင်လေးနွယ်ကတော့ သူကိုယ်တိုင်အတွက်ပဲ ထီပေါက်ပါစေလို့ ဆုတောင်းခဲ့ပါတယ်တဲ့။

Photo: Yu Thandar Tin

ဧပြီလ ၃၀ ရက်နေ့ကတော့ သရုပ်ဆောင် ခင်လေးနွယ်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့အတွက် သူငယ်ချင်းတွေဖြစ်ကြတဲ့ သရုပ်ဆောင် ယုသန္တာတင်၊ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်၊ ဒီဇိုင်နာ မပုံ့နဲ့ နောက်ထပ် အချစ်ဆုံးသူငယ်ချင်းတွေက Birthday Surprise လုပ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

‘’ ပိုက်ဆံတွေ အများကြီးရပါစေ၊ ထီပေါက်ပါစေ။ ကိုယ့်ဘာသာကိုယ်ဆုတောင်းတာနော်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ခင်လေးနွယ်က သူငယ်ချင်းတွေကို စနောက်ခဲ့ပါတယ်။ မွေးနေ့ Surprise လုပ်တဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ယုသန္တာတင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီလ ၂၉ ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ်မှာ Live လွှင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မွေးနေ့ အမှတ်တရ ကိတ်မုန့်လေး ခွဲပြီး ပျော်ပျော်ရွှင်ရွှင် နဲ့ မွေးနေ့ Surprise လေးကို ကုန်ဆုံးစေခဲ့ကြပါတယ်။

Photo: Bling

သရုပ်ဆောင် ခင်လေးနွယ်က ချစ်သူလည်းမရှိ၊ အိမ်ထောင်ရေးကိုလည်း စိတ်ဝင်စားမှု မရှိသေးဘူးလို့ သိရပါတယ်။ ဒီအတွက် Single ဘဝ ရဲ့ အားသာချက်တွေကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’ကိုယ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဟေ့ဆိုရင် လုပ်ချင်တဲ့အရာကို ချက်ချင်း ထလုပ်လို့ရတယ်။ အိမ်ထောင်သည်တွေကျတော့ ကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုငဲ့ရတယ်။ သားသမီးတွေကို ပေးရတဲ့ အချိန်ပိုလာတဲ့ အခါကျတော့ ကိုယ်က Single ဆိုပေမယ့် သူတို့ကို နားလည်ပေးလို့ရတယ်’’ ဆိုပြီးတော့ Zoey Fashion Show ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Yu Thandar Tin

စီးပွားရေးဘက် ဦးစားပေး လုပ်ဖြစ်နေတဲ့ သူမက ဒီဇိုင်သင်တန်းလည်း တက်နေပါတယ်။ ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။



က္က