ဒီနေ့က သူမရဲ့ မွေးနေ့လေးပါ။

သွန်းဆက်ကတော့ မွေးနေ့ကို ချျစ်တဲ့သူတွေနဲ့အတူ ဖြတ်သန်းနေတာတွေ့ရပါတယ်။ သူငယ်ချျင်းတွေကလည်း သူမရဲ့ မွေးနေ့လေးကို အမှတ်တရနဲ့ မွေးနေ့ Surprise လုပ်ပေးခဲ့တာကြောင့် သွန်းဆက်မှာပျော်နေပါတယ်။

ဒီနေ့(မတ်လ၂၉ရက်)က သရုပ်ဆောင် သွန်းဆက်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ သူငယ်ချင်းတွေက ည(၁၂) မတိုင်ခင် Birthday Surprise လုပ်ပေးခဲ့တာကြောင့် အရမ်းပျော်လို့နေပါတယ်။

“တစ်နှစ်မှ ဒီလိုမျိုးသူငယ်ချင်းတွေနဲ့ ည(၁၂)နာရီ မှာ မွေးနေ့မဆင်နွှဲဖူးပါဘူး။ ည(၁၂)နာရီတိတိမှာ သူငယ်ချင်းတွေ surprise လုပ်တဲ့အတွက် အရမ်းပျော်ပါတယ်” ဆိုပြီး သွန်းဆက်က မတ်လ(၂၉) ရက်နေ့ က လွှင့်ခဲ့တဲ့ Live မှာ ပြောထားတာဖြစ်ပါတယ်။ သွန်းဆက်ဟာ မွေးနေ့ကို သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် Live လွှင့်ပေးခဲ့ပါသေးတယ်။

သူငယ်ချင်းတွေနဲ့အတူ ပကာသနကင်းစွာနဲ့ မွေးနေ့ကိုဖြတ်သန်းနေပုံက ချစ်စရာလေးပါ။သွန်းဆက်ရဲ့ မွေးနေ့မှာ သူငယ်ချင်းတွေက မွေးနေ့ surprise လုပ်ပေးခဲ့သလို သူမရဲ့ ပရိသတ်တွေကလည်း သတိတရနဲ့ မွေးနေ့ surprise လုပ်ပေးခဲ့ကြပါသေးတယ်။

We loe thun sett အဖွဲ့က မွေးနေ့ကိတ်တွေနဲကအတူ လက်ဆောင်လေးလာပေးခဲ့ပါသေးတယ်။ သွန်းဆက်ဟာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏရပ်နားထားခဲ့တာပါ။

အဲဒါကြောင့် ၂၀၁၈ ခုနှစ် တစ်နှစ်လုံးမှာ ဇာတ်ကားရိုက်ကူးရေးတွေ နားထားခဲ့တယ်လို့ သူကပြောပါတယ်။ ၂၀၁၉ ခုနှစ်ကစပြီး အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ သွန်းဆက်ကိုတော့ ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်းသွက်ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင် ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက် ကူးနေတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။



က္က