အသက်(၃၁) နှစ် ပြည့်သွားခဲ့ပါပြီ။

ဖွေးဖွေးကတော့ မွေးနေ့မှာ အလှူအတန်းတွေ လုပ်ဖို့လည်း ပြင်ဆင်ထားပါသေးတယ်။ အားလုံးရဲ့ အချစ်တော် ဖွေးဖွေးကတော့ ဒီနေ့မှာ အသက်(၃၁)နှစ် ပြည့်သွားခဲ့ပါပြီ။

Photo : ငြိမ်းကို



ဒီနေ့ (သြဂုတ်လ၉ရက်)က မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးစာရင်းထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် ဖွေးဖွေးရဲ့ အသက်(၃၁)နှစ် ပြည့်မွေးနေ့လေးပါ။ မွေးနေ့လေးမှာ သူငယ်ချင်းတွေရဲ့ မွေးနေ့  Surprise  ကြောင့် ဖွေးဖွေးတစ်ယောက် ပျော်ခဲ့ရပါတယ်။ ဖွေးဖွေးအတွက် ဒီဇိုင်နာ ငြိမ်းကိုနဲ့ သူငယ်ချင်းတွေက မီးလင်းတဲ့ မွေးနေ့ကိတ်ကလေးနဲ့ surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။

“Happy birthday ဖွေးအရမ်းချစ်အကို့ကို ခုချိန်ထိ ယုံကြည်စွာ အကျီတွေလည်းအပ်တယ်...ပွဲတွေဆိုလည်းသတိရတယ်။ညီမလေးတယောက်လို အမြဲ Love u Phways မီးလင်းတဲ့ဂါဝန်လေးနဲ့အတူ အမှတ်တရဖြစ်ဖို့မီးလင်းတဲ့ကိတ်မုန့်လေး” ဆိုပြီး သြဂုတ်လ(၉)ရက်နေ့ ဒီဇိုုင်နာငြိမ်းကိုရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ငြိမ်းကို

ဖွေးဖွေးက “သူစိမ်းအိမ်”အဖွဲ့သားတွေနဲ့အတူ ခရီးတွေထွက်နေတာ ဖြစ်ပါတယ်။ ဒီနေ့ညနေမှာတော့ မိသားစုနဲ့အတူ ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ စတုဒီသာ ကျွေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက်ကိုလည်း ဖွေးဖွေးကိုယ်တိုင် စီစဉ်နေတာ တွေ့ရပါတယ်။

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကေ နတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ဖွေးဖွေး(Phway Phway)ဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က