ဖြိုးပိုင်ညီညီနဲ့ မင်းခန့်ကိုတို့နဲ့အတူ ထိုးထားတာ ဖြစ်ပါတယ်။

သဇင်ထူးမြင့်တို့ သူငယ်ချင်းအဖွဲ့ကတော့ ဇူလိုင်လကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပါပြီ။ သူငယ်ချင်းတွေအားလုံး စပ်တူထိုးထားတဲ့ ထီပေါက်လို့ ပျော်နေပါတယ်။

Photo : သဇင်ထူးမြင့်



ဒီနေ့(ဇူလိုင်၁ရက်)မှာ ထွက်တဲ့ အောင်လလေထီဆုဖွင့်ပွဲမှာ သူငယ်ချင်းတွေနဲ့အတူ စပ်ထိုးထားတဲ့ ထီက ငါးသောင်းဆုပေါက်ခဲ့တာဖြစ်ပါတယ်။ “ဟိုးတနေ့က ကျောင်းကအပြန် ...Short Film တွက်editခန်းမသွားခင်ကို Min Khant Ko နေမကောင်းလို့ ဆေးခန်းအရင်သွားမယ်ဆိုလို့လိုက်သွားကြတာ. ဆေးခန်းရှေ့မှာ ထီလှည်းတွေ့တာနဲ့ AFFECTION Short Film အမှတ်တရ ဆိုပြီးစပ်ထိုးကြတာ ခု ငါးသောင်းပေါက်တယ်။ တကယ်ကိုအမှတ်တရပါပဲ.” ဆိုပြီး ဇူလိုင်(၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : သဇင်ထူးမြင့်

သူငယ်ချင်း နေမကောင်းလို့ လိုက်ပို့ရာမှ အမှတ်မထင်ထိုးခဲ့တဲ့ထီလေးကနေ ငါးသောင်းဆုပေါက်ခဲ့ကြတာပါ။ သူမထီပေါက်တယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေလည် ပျော်လို့နေကြပါတယ်။ နောက်လတွေမှာလည်း ဆုကြီးတွေ ပေါက်ပါစေလို့ သူမအတွက် ပရိသတ်တွေက ဆုတောင်းပေးထားကြပါသေးတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲက ရွှေကြိုမယ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ အခုဆိုရင်တော့ သူမဟာ တီဗီကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးကတော့ အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်၊ ပါးဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။

 

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထား လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က