နိုဝင်ဘာ(၁၅) ရက်နေ့က သူမရဲ့ မွေးနေ့ပါ။

သူငယ်ချင်းတွေက သူမမွေးနေ့ကိုမေ့နေတယ်ထင်ပြီး မျက်ရည်တောင်ကျခဲ့ရတယ် ဆိုပါတယ်။

Photo : ရတနာဗိုလ်



သရုပ်ဆောင် ရတနာဗိုလ်ကတော့ မွေးနေ့မတိုင်ခင် ချစ်ရတဲ့ သူငယ်ချင်းတွေရဲ့ Surprise ကြောင့် အပျော်ကြီး ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။မွေးနေ့မတိုင်ခင်မှာတော့ သူမရဲ့ မွေးနေ့ကို ဘယ်သူမှ မမှတ်မိဘူးဆိုတဲ့ အထင်နဲ့ သူငယ်ချင်းတွေကို စိတ်ကောက်နေခဲ့ပါသေးတယ်တဲ့။

" မနေ့ညကမွေးနေ့အကြို surprise တိုက်ကြတဲ့ ချစ်ရသူတွေသူတို့စီစဉ်ထားတာကို မသိဘဲ မနက်ဖန်ငါ့မွေးနေ့ကိုလဲဘူမှမသိကြဖူး တစ်နေကုန်ငါ့ကိုအဖက်တောင်မလုပ်ကြဖူးဆိုပြီး စိတ်မကောင်းတွေဖြစ် ရန်တွေလုပ် စိတ်တွေကောက်နဲ့ ငိုတောင်ငိုမိသေးညရောက်တော့ ကိုယ့်ကိုစိတ်တိုစေမယ့် ကိစ္စနဲ့မျှားခေါ်ကြတယ်လေ အယ်မယ်ကိုယ်ကလဲစိတ်တိုဖို့နေနေသာသာ ငါ့ကို Surprise တော့မှဟဆိုပြီး ရိပ်မိနေပြီအိမ်ကညီမကိုလိုက်ပို့ပေးဖို့ပြောတော့ ဘယ်တော့မှအပြင်ခေါ်လို့မရတဲ့ညီမက ပြုံးစိစိနဲ့ချက်ချင်းလိုက်ပို့ပါလေရော ဘားလဲရောက်ရော အပြုံလိုက်တွေ့တော့တာဘဲပျော်လွန်းလို့မျက်ရည်တောင်ကျမိသေးတယ်။ဘာဘဲဖြစ်ဖြစ်အားလုံးကိုချစ်ယူ” ဆိုပြီး နိုဝင်ဘာ(၁၅) ရက်နေ့ညက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ရတနာဗိုလ်

ချစ်ရသူတွေရဲ့ Surprise ကြောင့် မျက်ရည်တောင် ကျခဲ့ရတယ်လို့ သူမက ပြောပါတယ်။ ရတနာဗိုလ်ဟာ အနုပညာ ပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးလေး တစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာပျိုးခင်းက ဘဝရဲ့ ကြီးမားတဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။ ဒီ့အတွက်ကြောင့်လည်း ဆရာတွေကို ကျေးဇူးတင်စကား အခုလို ပြောခဲ့ပါတယ်။

'' ပျိုးခင်းမှာ ပါဝင်ခွင့်ရခဲ့တယ်ဆိုကလည်းက ကိုယ့်ဘဝမှာ ကြီးမားတဲ့အခွင့်အရေး၊ ကိုယ့်ဘဝရဲ့ ပြောင်းလဲမှုလို့ပဲ ယုံကြည်ထားတယ်။ ပြီး တော့ ဆရာတွေကိုလည်း အရမ်းကျေးဇူးတင်တယ်'' ဆိုတာကို နိုဝင်ဘာလ ၂ ရက်နေ့က ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲကို တက် ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo : ရတနာဗိုလ်

သရုပ်ဆောင် ရတနာဗိုကတော့ သူသရုပ်ဆောင်ချင်တဲ့ ကာရိုက်တာမျိုးကို တစ်ချိန်မှာ သရုပ်ဆောင်ခွင့်ရခဲ့မယ်ဆိုရင် သူ့ဘက်က အနုပညာအရည်အချင်းပြည့်ဝအောင်၊ ပရိသတ်ကိုလည်း အကောင်းဆုံတင်ပြနိုင်တဲ့ အနုပညာသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေဦးမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က