မြင့်မြတ်တို့ဇနီးမောင်နှံ၊ ကေညီ၊ Jenny နဲ့ မြကြာညိုတို့လည်း ပါဝင်ပါတယ်။
Sabal Thwin

ယုန်လေးကတော့ သူ့ရင်ထဲက စကားတွေနဲ့ ဆူဇီ့ကို မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါတယ်။ ဆူဇီ့မွေးနေ့မှာ အနုပညာမောင်နှမတွေနဲ့ အတူတူဆုံခဲ့ကြတာ တွေ့ရပါတယ်။

Photo: Yone Lay

ဒီနေ့(ဇူလိုင်လ ၉ရက်နေ့) က အဆိုတော် ဆူဇီရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဆူဇီ့အတွက် ယုန်လေးကို မွေးနေ့ ဆုတောင်းလေးကို အခုလို ပြောပြခဲ့ပါတယ်။

‘’Suzie လေး ကို Surprise လုပ်မယ်ဆိုတော့ လိုက်မယ်တဲ့ နှစ်တိုင်းမပျက်ပါဘူး။ Family တွေ ဆုံပြီး အရမ်းပျော်တဲ့ည ဆူဇီမွေးနေ့ပေါ့။ Happy Birthday Par ချစ်ဆုံးလေးရေ’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့ မနက် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် မြင့်မြတ်တို့ ဇနီးမောင်နှံ၊ ယုန်လေး၊ ကေညီ၊ ဆူဇီ၊ Jenny နဲ့ မြကြာညိုတို့ရဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

Photo: Yone Lay

ယုန်လေးနဲ့ ဆူဇီဟာ အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်သလို ယုန်လေးကို နားလည်အပေးနိုင်ဆုံး ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ ဆူဇီရဲ့ မွေးနေ့တုန်းကလည်း ယုန်လေးက သူငယ်ချင်းတွေနဲ့အတူ Surprise လုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် မွေးနေ့ကိတ်တွေခွဲပြီး ထမင်းဟင်းတွေ ချက်စားကြနဲ့ ဆူဇီရဲ့ မွေးနေ့က အရမ်းကို ပျော်ဖို့ ကောင်းလှပါတယ်။

Photo: Yone Lay

ဆူဇီဟာ လက်ရှိမှာဖျော်ဖြေရေးတွေ သွားဖြစ်နေသလို အသက်အရွယ်လိုက် ပြောင်းလဲလာတဲ့ သူမရဲ့ ဝတ်စားဆင်ယင်မှုလေးတွေကိုလည်း ပရိသတ်တွေ သတိထားမိလာကြပါတယ်။

" မြန်မာဝတ်စုံလေးတွေကိုလည်း ဒီဇိုင်းလှလှလေးတွေနဲ့ ပိုဝတ်ဖြစ်လာတာက ကိုယ့်ဘာသာကိုယ် အိုလာပြီလား၊ အဘွားကြီးဖြစ်လာပြီလား ဆိုပြီး တော့ ပိုနုငယ်ချင်တဲ့အတွက်ကြောင့် ဖက်ရှင်အပိုင်းကို ပိုပြီးတော့ စိတ်ဝင်စားဖြစ်နေ တယ်။ အသက်အရွယ်ရလာတော့ သူများတွေ တောင် ထိန်းသိမ်းတဲ့အတွက်ကြောင့် ကိုယ်လည်း ထိန်းသိမ်းရမယ် ဆိုတာ သိလာတဲ့ အတွက်ကြောင့် နည်းနည်းပါးပါးလေ့လာတယ်။ ဒါပေမယ့် အစ်မကတော့ ကိုယ့်ဘာသာကိုယ် အရမ်းကြီးပြောင်းလဲ လာတယ်လို့ မထင် ပါဘူး။'' လို့ သူက Duwun Media ကို ပြောပြဖူးပါတယ်။

Photo: Yone Lay

ယုန်လေးကတော့ လက်ရှိမှာ သီချင်းတွေရေးနေတာဖြစ်သလို ကိုယ်တိုင်လည်း ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ သူရိုက်ထားတဲ့ ‘’သတိ အန္တရာယ်ရှိသည်’’ ရုပ်ရှင်ကားကြီးကလည်း ရုံတင်ခဲ့ပြီးဖြစ်ပါတယ်။ ဆူဇီ့ကိုတော့ ပရိသတ်တွေက အဆိုတော် တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာပါ။ သူမရဲ့ ဂီတသက်တမ်းကတော့ ၁၀ နှစ်ကျော်ကြာလို့နေပါပြီ။ လက်ရှိမှာလည်း ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတုန်းပါ။ 


ဆက်စပ်အကြောင်းအရာများ


က္က