မင်္ဂလာပွဲ သုံးပွဲလုပ်မှာတဲ့။
Ei Ei Myat

ချစ်စနိုးဦးကတော့ အောက်တိုဘာလထဲမှာ ချစ်သူတဲ့ ထိမ်းမြားလက်ထပ်တော့မှာ ဖြစ်ပါတယ်။မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်ရင်းနဲ့ ပျော်လို့နေပါပြီ။

Photo: Chit Snow Oo

သရုပ်ဆောင် ချစ်စနိုးဦးကတော့ ဝါထွက်မှာ ချစ်သူနဲ့ ရွှေလက်တွဲတော့မှာ ဖြစ်ပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးကို အောက်တိုဘာ (၂၀) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာကိုတော့ အောက်တိုဘာ (၂၆) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၂) ရက်နေ့မှာ ကျင်းပသွားမှာပါ။

ပွဲအတွက် ပြင်ဆင်နေရင်း ပျော်လည်းပျော်နေပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’သူများတွေကတော့ပြောတယ်၊ ယောကျ်ားမယူနဲ့တဲ့ ဒါပေမယ့် သူများတွေတောင် ယူတာပဲနော် ကိုယ်လည်း ယူကြည့်ချင်တာပေါ့။ အခုလောလောဆယ်ကေ တာ့ အရမ်းပျော်နေပါတယ်။ အရင်တုန်းကတော့ မင်္ဂလာဝတ်စုံတွေ ဝတ်ရတာ အလုပ်အတွက်ပေါ့။ ဒါပေမယ့် ကိုယ့်ပွဲအတွက် ကိုယ်ပြင်ဆင်ရင်း စိတ်လည်းပင်ပန်းရတယ်။ ပျော်လည်း ပျော်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Chit Snow Oo

ချစ်စနိုးဦးဟာ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေအကြောင်း ပြောပြလာပါတယ်။ မိန်းကလေးဖြစ်တာကြောင့်လည်း အိမ်မှုကိစ္စတွေနိုင်နင်းဖို့အတွက် အမေနဲ့ အဖွားက သင်ပေးထားတယ်လို့ဆိုပါတယ်။

‘’ငယ်ငယ်တုန်းကတည်းက အစ်မ အမေ၊ အဖွားတို့ဆိုရင်လည်း အိမ်တစ်အိ မ်မှာ မိန်းကလေး တစ်ယောက်အနေနဲ့ တက်သင့်တက်ထိုက်တာကို သင်ရမယ်ဆိုပြီးတော့ သင်ပေးထားတယ်။ ကိုယ်မလုပ်ခဲ့ရရင်တောင် သူများကို ခိုင်းတဲ့အခါကျရင် ကိုယ်ကမတက်ရင် လူလည်ကျသွားမယ်ပေါ့။ အမြဲသိထားရမယ်ဆိုပြီးတော့ ငယ်ငယ်လေး ကတည်းက သင်ခဲ့တာ အခုဆို အိမ်အလုပ်လည်း အစ်မလုပ်တယ်။ စီးပွားရေးဆိုလည်း အစ်မအနုပညာလေးနဲ့ အစ်မ ရပ်တည်တယ်။ အစ်မအတွက်ကတော့ အိမ်ထောင်ပြုဖို့အတွက် ထွေထွေထူးထူး ပြင်ဆင်ရတာမျိုး မရှိပါဘူး’’ လို့ သူကဆိုပါတယ်။

 

Photo: Chit Snow Oo

ချစ်စနိုးဦးကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ယော က်အဖြစ် စတင်သိရှိခဲ့တာပါ။ တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ချစ်သူ သက်တမ်းကတော့ ၆ နှစ်ကျော်ပါပြီတဲ့။


က္က