ဆိုင်ကယ်ချစ်သူများအဖွဲ့နဲ့ တခြားအလှူရှင်တွေရဲ့ အလှူဒါနတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ထူးအယ်လင်းက ဝါဆိုလပြည့်နေ့မှာ သိမ်ဆောက်လုပ်ဖို့အတွက် လိုအပ်တဲ့အလှူငွေတွေ လှူဒါန်းခွင့်ရလို့ ပျော်လို့နေပါတယ်။ ဒီအလှူဟာ ခုနှစ်ရက်သားသမီးတွေရဲ့ အလှူပါဝင်သလို ဆိုင်ကယ်ချစ်သူ ညီအစ်ကိုတွေရဲ့ အလှူငွေတွေလည်း ပါဝင်တယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။

Photo : ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းတို့ပရဟိတအဖွဲ့ကတော့ ဝါဆိုလပြည့်နေ့လေးမှာ အလှူတစ်ခု ပြုနိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဝါဆိုလပြည့်နေ့လေးမှာ ရန်ကုန်တိုင်း ၊ထန်းတစ်ပင်မြို့နယ်မှာ ရှိတဲ့ ပုညသုခဓမ္မရိပ်သာကျောင်းတိုက်မှာ သိမ်ကျောင်းေ ဆာက်လုပ်ဖို့အတွက် လိုအပ်တဲ့အလှူငွေ (၁၈၅၀၀၀၀)ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

“ဗုဒ္ဓဘာသာဝင်တို့၏နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်( ဓမ္မစကြာနေ့ ) မှာ ရန်ကုန်တိုင်း ထန်းတစ်ပင်မြို့နယ် (ပေါက်တန်း၊ဒိတ်ကုန်းအုပ်စု) သရက်ခြံကျေးရွာရှိ ပုညသုခဓမ္မရိပ်သာကျောင်းတိုက်တွင် သိမ်ကျောင်းတည်ဆောက်ရာမှာ လိုအပ်အလှူငွေ တစ်ဆယ့်ရှစ်သိန်းငါးသောင်း ( ၁,၈၅၀,၀၀၀ ) အတွက် ခုနှစ်ရက်သားသမီး/ရာဟုသားသမီးအပါအလှူရှင်များနှင့်ဆိုင်ကယ်ချစ်သူ ညီအကိုများမှ မတည်ငွေ ငါးသိန်းကျပ်( ၅၀၀,၀၀၀ )ကို လှူဒါန်းခဲ့ပါတယ်ဗျ “ ဆိုပြီး ဇူလိုင်(၁၆) ရက်နေ့က ထူးအယ်လင်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ထူးအယ်လင်း

သူတို့ရဲ့ အလှူအတန်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ မုဒိတာပွားပြီး သာဓုခေါ်နိုင်အောင်အတွက် ထူးအယ်လင်းက အမျှပေးဝေထားပါတယ်။ ထူးအယ်လင်း က နောက်ထပ် ဝမ်းသာပီတိဖြစ်ရမယ့် သတင်းလေးတစ်ခုကိုလည်း ပြောထားပါသေးတယ်။

“နောက်ထပ် ဝမ်းသာပီတိဖြစ်ရတာက ကျွန်တော်တို့လက်ရှိတည်ဆောက်နေသော မြိတ်မြို့ ဘုရားကုန်းကျေးရွာရှိ ရှေးဟောင်းမာန်အောင်စေတီ ၊ ပဲခူးတိုင်း ဖြူးမြို့နယ် ရေတွင်းကုန်းကျေးရွာရှိ စေတီ ၊ ပုသိမ်တိုင်းဒေသကြီး သာပေါင်းမြို့နယ် လှေတော်ကျေးရွာရှိ စေတီ စုစုပေါင်းစေတီသုံးဆူအတွက် ဘုရားမွေတော်ဓာတ်တော် ရဟန္တာမွေတော်ဓာတ်တော်များကို ဌာပနာဖို့ ရရှိမှာမို့လို့ အတိုင်းမသိဝမ်းသာကြည်နူးရပါတယ်ဗျာ” ဆိုပြီး ဆက်လက်ပြောပြထားပါသေးတယ်။

Photo : ထူးအယ်လင်း

ထူးအယ်လင်းဟာ အခုနောက်ပိုင်းမှာ ဆိုင်ကယ်ချစ်သူများ အဖွဲ့ နဲ့ အတူ ပရဟိတလုပ်ငန်းစဉ်တွေမှာ အားတက်သရော ဆောင်ရွက်နေတာဖြစ်ပါတယ်။ ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။

သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါေ သးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။

Share

Loading Next Article...
က္က