မျက်ရည်ကျမတတ်ဝမ်းသာခဲ့ရပါတယ်တဲ့။
ဝါရင့်သရုပ်ဆောင်ကြီး ဝါဝါဝင်းရွှေကိုတွေ့ရလို့ သဉ္ဇာနွယ်ဝင်းတစ်ယောက် မျက်ရည်ကျမတက် ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ သူမဟာ အခုချိန်မှာတော့ အနုပညာအလုပ်ထက် စီးပွားရေးကို ဦးစားပေးနေသူတစ်ယောက် ဖြစ်ပါတယ်။

Photo: သဉ္ဇာနွယ်ဝင်း

သဉ္ဇာနွယ်ဝင်းတစ်ယောက် ဝါရင့်သရုပ်ဆောင်ကြီး ဝါဝါဝင်းရွှေရဲ့ အားပေးစကားကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမဟာ ဝါဝါဝင်းရွှေကို အရင်ကတည်းက အားပေးခဲ့ရတဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်း ပြောပြထားပါတယ်။

‘’အရမ်းကြိုက်တဲ့မင်းသမီး အန်တီဝါဝါဝင်းရွှေကို တွေ့လိုက်ရတော့ ပျော်ပြီးငိုတောင်ငိုချင်သွားတယ်။ ဒီနေ့ဗိုက်ဆာလို့ ဆိုင်လာစားတာ တန်သွားပြီ။ အန်တီဝါက ကိုယ်ရိုက်ခဲ့တဲ့ကားတွေ ကြည့်ဖူးတယ်တဲ့။ ဖီလင် အရမ်းပျော်’’ ဆိုပြီးတော့ မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: သဉ္ဇာနွယ်ဝင်း

သဉ္ဇာနွယ်ဝင်းက အခုချိန်မှာတော့ အနုပညာအလုပ်ထက် ခင်ပွန်းဖြစ်သူ ကိုလှမျိုးမြင့်ရဲ့ စီးပွားရေးလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင်တော့ မိသားစုနဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ ကြော်ငြာတွေရိုက်ကူးနေတယ်လို့ သိရပါတယ်။

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါ တယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo: သဉ္ဇာနွယ်ဝင်း

ကိုလှမျိုးမြင့် နဲ့ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ နှစ်ယောက်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး ကျော်မျိုးမြင့်(ခ) မက်မွန်သီး လေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သားလေးဆီမှာတော့ ဖခင်နဲ့ တူတဲ့ အကျင့်တွေ ပိုင်ဆိုင်နေပြီလို့ ဆိုပါတယ်။

‘’သားလေးက တော်တော်တတ်နေပြီ။ သူ့ကိုလည်း ၆ လအရွယ်ကတည်းက ကျောင်းစထားတာဆိုတော့တော်တော်လေး နားလည်တယ်။ လည်လည်း လည်တယ်။ သားလေးက အဖေနဲ့တူတယ် ရုပ်ရော၊ခန္ဓာကိုယ်ပုံစံတွေရော၊ အကျင့်တွေရော တူတယ်။ သူ့ပစ္စည်းတွေဆို အရမ်း တန်ဖိုးထားတာ။သူယူထားတဲ့ ပစ္စည်းကို သူ့နေရာသူ ပြန်ထားတတ်တာကတော့ သူ့အဖေ နဲ့ တူတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

သဉ္ဇာနွယ်ဝင်း ကိုတော့ ဂျေဒိုးနတ် မုန့်ကြော်ငြာကနေတဆင့် ပရိသတ်တွေ စတင်သတိထားမိခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား တော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ်လည်း ဂျာနယ်၊ မဂ္ဂဇင်းတွေရဲ့ ကာဗာစတားတစ်ဦးလည်း ဖြစ်ခဲ့ပါသေးတယ်။



က္က