Sabal Thwin

မကြာသေးခင်က ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့လို့ ဝမ်းနည်းပူဆွေးနေရှာတဲ့ အကယ်ဒမီ ဝါဝါဝင်းရွှေကို မိသားစုဝင်တစ်ဦးလို ရင်းနှီးရတဲ့ ဝတ်မှုံရွှေရည်က သွားရောက် နှစ်သိမ့်ပေးခဲ့ပါတယ်။

Photo: Ko Thet

သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ ဝါဝါဝင်းရွှေကို သွားရောက်နှစ်သိမ့် အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ် ။ ဝါဝါဝင်းရွှေဟာ ခင်ပွန်းဖြစ်သူ မင်သားကြီး သန်းထွဋ် ကွယ်လွန်ခဲ့တာကြောင့် ဝမ်းနည်းပူဆွေးနေတာဖြစ်ပါတယ်။

‘’ကစ်ကစ် လာရောက်နှစ်သိမ့်အားပေးစကားပြောကြား’’ ဆိုပြီးတော့ ဝါဝါဝင်းရွှေရဲ့ တူလည်းဖြစ်၊ အနုပညာလောကသားတစ်ဦးလည်းဖြစ်တဲ့ ကိုသက်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဇူလိုင်လ ၂၈ ရက်နေ့ ည ၈ နာရီကျော်က ရေးသားထားတာဖြစ်ပါတယ်။

Photo: Ko Thet

ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ်ဟာ ဇူလိုင်လ ၂၃ ရက်နေ့ ည ၇ နာရီ ၁၂ မိနစ်က ကျန်းမာရေးအခြေအနေကြောင့် ပန်းလှိုင်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ ရေဝေးသုဿာန်မှာ မီးသဂြိုဟ်ခဲ့တာပါ။ ကွယ်လွန်သူ ဦးသန်းထွဋ်ရဲ့ ဈာပန ရက်လည်ကိုတော့ ၂၉ ရက်နေ့(တနင်္လာနေ့) နေအိမ်မှာပဲ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

Photo: Ko Thet

သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ ဝါရင့်မင်းသမီးကြီး ဝါဝါဝင်းရွှေ နဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ခဲ့ဖူးပါတယ်။ ‘’လရောင်ဖြာတဲ့ အင်းလေးမှာ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ဝတ်မှုံရွှေရည်က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေတိုး၊ ဝါဇင် နဲ့ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က