ဇူလိုင် ၃၁ ရက်နေ့မှာ လှူသွားမယ်တဲ့။

ထူးအယ်လင်းဟာ ဧရာဝတီတိုင်း ဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းက ကျေးရွာတွေအတွက် မီးသဂြိုဟ်စက် လှူဒါန်းဦးမယ်လို့ သိရပါတယ်။ သူဟာ ဆိုင်ကယ်ချစ်သူများ အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ ဆောင်ရွက်နေသူ တစ်ယောက်ပါ။

Photo: Htoo El Lin

ပရဟိတအလုပ်တွေ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ အဆိုတော် ထူးအယ်လင်းဟာ ဝါးခယ်မ မြို့နယ်အတွင်းက ဗန္ဓုလကျေးရွာမှာရှိတဲ့ ရွာပေါင်း ၇ ရွာအတွက် မီးသဂြိုဟ်စက်လှူမယ်လို့ ဆိုပါတယ်။

‘’မှတ်မှတ်ရရ ညီအကိုများနှင့် ကုသိုလ်ပြုရတာ မင်္ဂလာပါ။ ၃၁.၇.၂၀၁၉(ဗုဒ္ဓဟူးနေ့) မနက် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ဗန္ဓုလကျေးရွာမှာ ရွာပေါင်းခုနှစ်ရွာအတွက်မီးသဂြိုလ်စက်ဆောက်ဖို့ သွားရောက်လှူဒါန်း ကြဦး မည်ဖြစ်ကြောင်း ကုသိုလ်သတင်းမျှဝေပါတယ်ဗျ။ ၃၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှ ၃.၈.၂၀၁၉(စနေနေ့) သို့ ရက်ပြောင်းရွှေ့ထားပါတယ် ညီအကိုတို့’’ ဆိုပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့ ည ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။


Photo: Htoo El Lin

ထူးအယ်လင်းဟာ အခုနောက်ပိုင်းမှာ ဆိုင်ကယ်ချစ်သူများအဖွဲ့နဲ့ အတူ ပရဟိတလုပ်ငန်းစဉ်တွေမှာ အားတက်သရော ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူက တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ သူ့ရဲ့ အလှူတိုင်းအတွက်လည်း အမြဲတမ်း စိတ်ချမ်းသာ ပီတိဖြစ်ရတယ်လို့လည်း ရင်ဖွင့်ပြောပြထားပါသေးတယ်။

‘’ပကာသနအလှူ မဟုတ်တဲ့အတွက်ကြောင့် ရိုးရှင်းစွာနဲ့ လှူခဲ့ကြတဲ့နေရာတိုင်းမှာ အလှူတစ်ခုပြီးတိုင်း ပီတိတွေနှင့်အတူ ကိုယ့်ရပ်ဌာနေအိမ်အပြန်တိုင်း ပျော်ရွှင်ခဲ့ကြရတယ်။ အတ္တကိုရှေ့တန်းတင်ပြီး စွန့်လည်း မစွန့်လွှတ်နိုင်ပဲပြုလုပ်သော ဘာသာရေး လူမှူရေးတွေက ဘာအကျိုးမှ မရှိဘူး။ ဒါကြောင့် ပကာသနအလှူနှင့် ဒါနအလှူခွဲခြားထားပါတယ်’’ လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Htoo El Lin

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါေ သးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။

Share

Loading Next Article...
က္က