သူ့ရဲ့ မွေးနေ့ကတော့ ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်ခဲ့တာပါ။

We Love လေးတွေကပေးတဲ့ မွေးနေ့လက်ဆောင်တွေကြောင့် အလင်းရောင် တစ်ယောက် ဝမ်းသာပီတိဖြစ်နေပါတယ်။ သူဟာ ဧပြီလ ၂၂ ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မတိုင်ခင်မှာ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။

Photo: အလင်းရောင်



အလင်းရောင်က ပရိသတ်ပေးတဲ့မွေးနေ့လက်ဆောင်တွေကြောင့် ပျော်ရွှင်လို့နေပါတယ်။ သူကတော့ ဧပြီလ ၂၂ ရက်နေ့မှာ မွေးနေ့ ကျရောက်ခဲ့တာပါ။

‘’ Fan တွေပေးတဲ့လက်ဆောင် ‘’ ဆိုပြီးတော့ ဧပြီလ ၂၃ ရက်နေ့ မနက် ၁၀ နာရီ ၅၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အလင်းရောင်ကို ချစ်တဲ့ အမာခံပရိသတ်လေးတွေကလည်း မွေးနေ့လက်ဆောင်ကို အမှတ်တရရှိစေဖို့အတွက် ပုံတူပန်းချီလေးတွေ၊ နှင်းဆီပန်းပွင့်တွေ အများကြီးပါတဲ့ ပန်းစည်းတွေ၊ ကိတ်မုန့်တွေ အပြင် တခြား လက်ဆောင်ပစ္စည်းအမျိုးမျိုး ပေးထားကြတာ တွေ့ရပါတယ်။

Photo: အလင်းရောင်

အလင်းရောင်က သူ့ရဲ့ မွေးနေ့ရက်မတိုင်ခင် ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးကုသဆောင်မှာ လူနာအယောက် ၃၀၀ စာအတွက် ထမင်း၊ ဟင်းနဲ့ မုန့်များ၊ ရေသန့်ဘူးများကိုလည်း ကုသိုလ်အလှူပြုခဲ့ပါတယ်။ အဲဒီနောက် ဧပြီလ ၂၁ ရက်နေ့မှာတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ Magnolia ပွဲမှာလည်း မွေးနေ့ကိတ် အတူတူခွဲခဲ့ကြပါသေးတယ်တဲ့။

Photo: အလင်းရောင်

အလင်းရောင်က အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရတဲ့ မင်းသားတစ်ယောက်ဖြစ်လို့နေပါပြီ။ သိပ်မကြာသေးခင်ကပဲ ဦးကျော်သူနဲ့အတူ ‘’ဂမ္ဘီရ မျက်လုံး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အောင်ပန်းမှာ ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဦးကျော်သူ၊ အလင်းရောင်၊ ထွန်းကိုကို၊ ပြေဇင် နဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: အလင်းရောင်

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က