ဗဟန်းမြို့နယ် အတွင်းက အိမ်ထောင်စုတွေကို သွားရောက်ကူညီပေးခဲ့ပါတယ်တဲ့။

သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ We Love Yangon အဖွဲ့သားတွေနဲ့ အတူ ပရဟိတအလုပ်တွေ လုပ်ခဲ့ရတဲ့ ပီတိတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Paing Phyo Thu



ပိုင်ဖြိုးသုဟာ Covid ကာလအတွင်းမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဗဟန်းမြို့နယ်အတွင်းက အိမ်ထောင်စုလေးတွေကို We Love Yangon နဲ့ အတူတူ သွားရောက် ကူညီခဲ့တယ်လို့ ဆိုပါတယ်။ 

"လိုအပ်နေတဲ့ အချိန်၊ အမှန်တကယ်လိုအပ်နေတဲ့သူတွေ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းရတာက တကယ်ကို မွန်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သုသုက တော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့အိမ် ထောင်စု တွေကို နက်စ်လေမြန်မာရဲ့ ထုတ်ကုန် တွေ လဲလှယ်နိုင်မယ့်ကူပွန်တွေ ကို We Love Yangon အဖွဲ့ သားတွေနဲ့ အတူ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်" ဆိုပြီးတော့ သြဂုတ်လ ၁၉ ရက်နေ့ မနက် (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Paing Phyo Thu

ပိုင်ဖြိုးသုက အခက်အခဲကြုံနေရတဲ့ ပရိသတ်တွေကို သူမကိုယ်တိုင် သွားရောက်ကူညီခွင့် ရတာကြောင့်လည်း ပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။ 

"အခုလို တစ်ထောင့်တစ်နေရာကနေ ကိုယ်တိုင် ပါဝင်ခွင့် ရတဲ့ အတွက် နက်စ်လေမြန်မာကို အားလုံးရဲ့ ကိုယ်စားကျေးဇူးတင်ပါတယ်။ လက်ခံရရှိတဲ့ မိသားစုတွေ ရဲ့ အပြုံး တွေကို ကြည့်ပြီး ရင်ထဲ မှာ တကယ်ကို ဝမ်းသာကြည်နူးမိပါတယ်။ သုသုရဲ့ Vitamin Ts လေးတွေလည်း ပုံလေးတွေ ကြည့်ပြီး ပျော်ရအောင်မျှဝေလိုက်ရပါတယ်နော်" လို့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ 

Photo: Paing Phyo Thu

 ပိုင်ဖြိုးသုဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာသက်တမ်းလည်း (၁၀) စုနှစ် တစ်ခုကျော်ကို ရောက်လာပြီဖြစ်သလို ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က