ပရိသတ်တွေ ကျန်းမာဖို့ ဆုတောင်းစကားဆိုခဲ့ပါတယ်။

ငွေဇင်လှိုင်းက ဝေဘာဂီဆေးရုံကြီးမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေနဲ့ အလှူငွေတွေ လှူဒါန်းခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Ngwe Zin Hlaing



အဆိုတော် ငွေဇင်လှိုင်းကတော့ သူမရဲ့ အနုပညာကြေးကရတဲ့ ဝင်ငွေထဲက မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ဝေဘာဂီဆေးရုံကြီးမှာ PPE - ၁၀ စုံ၊ Surgical Glove 6.5 ၁၀၀ Pairs အပြင် အလှူငွေကျပ် ၂ သိန်း ကုသိုလ်အလှူလေးပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ 

" ဝေဘာဂီ ( ဆေးရုံကြီး)အတွက် ကိုယ်နိုင်သလောက်လေး။ လိုအပ်နေတဲ့အချိန် လိုအပ်နေတဲ့နေရာမှာ လိုအပ်တဲ့ပစ္စည်းတွေကို အများကြီးမဟုတ်ပေမယ့် လှူခွင့်ရခဲ့တဲ့အတွက် ကျေနပ်ပီတိဖြစ်မိပါတယ်ရှင့်။ အခုလို လှူဒါန်းမှုအစုစုကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ရောဂါကပ်ဆိုး ဒုက္ခအလုံးစုံမှ ကင်းဝေးနိုင်ကြပါစေရှင့်" ဆိုပြီးတော့ မတ်လ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Ngwe Zin Hlaing

ငွေဇင်လှိုင်းကိုတော့ ပရိသတ်တွေက Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးပြီးတဲ့နောက်မှာတော့ သူမဟာ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုလာရတဲ့ အဆိုတော်တစ်ဦးဖြစ်လို့နေပါပြီ။ မကြာခဏဆိုသလို Single Song လေးတွေလည်း ထွက်ရှိတတ်သူ တစ်ယောက်ပါ။ အခုဆိုရင်တော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ သီချင်းသည် ဆိုတဲ့ အခွေကို ၂၀၂၀ ခုနှစ် မတ်လ ၇ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ 

Photo: Ngwe Zin Hlaing

ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ကနေတဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ (Top -4+1) Result Show အထိ ပါဝင်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ တက်သစ်စ အဆိုတော် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သရုပ်ဆောင် သက်မွန်မြင့်ကိုယ်တိုင်ကလည်း ငွေဇင်လှိုင်းရဲ့ သီချင်းတွေကို အမြဲအားပေးတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က