ဥဏ္ဏလုံမွှေးရှင်တော် နဲ့ပတ်သက်ပြီးတော့လည်း သူမက အခုလို ပြောပြလာပါတယ်။

ချစ်သုဝေကတော့ ပရိသတ်တွေကြားမှာ ဝေဖန်ခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပုံတူ ပန်းချီကားအပေါ် သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

Photo: Chit Thu Wai



အဆိုတော်ချစ်သုဝေဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အတွက် မွေးနေ့ ဆုတောင်းပေးခဲ့တဲ့ ဗီဒီယို ဖိုင်လေးကနေစပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ပုံတူပန်းချီ ကား ရေးဆွဲထားမှုအပေါ် ဝေဖန်မှုတွေ ကြုံနေရပါတယ်။ဒီပန်းချီကားနဲ့ ပတ်သက်ပြီး ချစ်သုဝေက အခုလို ပြောပြလာပါတယ်။ 

" ကျွန်မဖေဖေရေးဆွဲသော ပန်းချီပုံတစ်ခုနှင့်ပတ်သက်၍ အနည်းငယ်ပြောဖို့ ရှိလာပါသည်။ အဲဒီနေ့က လူထုခေါင်းဆောင် အမေ့မွေးနေ့။ ကျွန်မဖေဖေက မွေးနေ့ပန်းချီကား တစ်ချပ် ဆွဲထား၍ ဖေဖေ့အိမ်သို့ သွားပါသည်။ ရည်ရွယ်ချက်က ကျွန်မတို့ ပန်းချီကားနှင့် အမှတ်တရမွေးနေ့ဆုမွန်တောင်းဖို့ပါ။ ရိုးရိုးသားသားပြောရရင် ဖြစ်ကြောင်းကုန်စင်က ဒီလောက်ပါဘဲ။ဖေဖေနှင့် ခင်ပွန်းသည် ကိုးကွယ်သော ဗုဒ္ဓဘာသာ အပေါ် ကျွန်မက မလေးမစား စော်ကားသည်ဟု ထင်မြင်ချက်အချို့နှင့်ပတ်သက်၍ အခုထိကျွန်မ နားမလည်နိုင်သေးပါ" လို့ဆိုပါတယ်။ 

Photo: Chit Thu Wai

အဆိုပါ ဝေဖန်မှုတွေထဲမှာ မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပုံတူပန်းချီမှာ ဥဏ္ဏလုံမွှေးရှင်တော် ထည့်သွင်းရေးဆွဲထားတာကိုလည်း ချစ်သုဝေက အခုလို ဖြေရှင်းခဲ့ပြန်ပါသေးတယ်။ 

" ကျွန်မတို့မိသားစုအလှူ ဘုရားကျောင်းဆောင်၊ မုခ်ဦး၊ တန်ဆောင်း၊ ကထိန် အလှူများကိုဖော်ပြ၍လည်း မရှင်းပြချင်ပါ။ ထိုအလှူများသည် သဒ္ဒါ၍ လှူချင်လို့ လှူခဲ့ခြင်းဖြစ်ပါသည်။ ထိုအလှူများ၏ မှတ်တမ်းမှတ်ရာ ဓါတ်ပုံများစွာသည်လဲ ဒီလူမှုကွန်ယက်ပေါ်တွင် များစွာရှိပါသည်။ 

ဒီပန်းချီကားနှင့်ပတ်သက်၍ ကျွန်မမှာ အားနည်းချက်တစ်ခုရှိခဲ့ပါသည်။ ဥဏ္ဏလုံမွှေးရှင်တော်နှင့် ပတ်သက်၍ ပန်းချီကားထဲ ထည့်ဆွဲသင့်၊မသင့်ကိုတော့ ကျွန်မဖေဖေကို အကြံဉာဏ်မပေးနိုင်ခဲ့ပါ။ ဘာကြောင့်ဆိုရင် ကျွန်မလုံးဝ မကြားဖူးလို့ဟုသာ အမှန်အတိုင်းဝန်ခံပါသည်။ ဥဏ္ဏလုံမွှေးရှင်တော် သင်္ကေတအနက်အဓိပ္ပါယ်ကို ကျွန်မ အခုမှပင် ဆရာတော်တွေကိုလျှောက်၊ လူကြီးတွေကိုမေး လုပ်ရပါသည်။ ဒါနှင့်ပတ်သက်၍လည်း ကျွန်မဖေဖေမှ ဆရာတော်ကြီးအားလျောက်ထားမေးမြန်း၍ သိရှိနားလည်ကာလေ့လာမှုချို့ယွင်းချက်ကြောင့်သော်လည်းကောင်း၊ နားလည်မှုလွဲမှား၍သော်လည်းကောင်း ၂၁ရက် ဇွန်လက တောင်းပန်ထားပါသည်" ဆိုပြီးတော့ ဇွန်လ ၂၆ ရက်နေ့ မနက် (၁၀) နာရီ ဝန်းကျင်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။ 

 

Photo: Z

ချစ်သုဝေဟာ ခရစ်ယာန်ဘာသာကိုးကွယ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဖခင်နဲ့ ခင်ပွန်းတို့ ကိုးကွယ်တဲ့ ဘာသာတရားကိုလည်း ရှိခိုးကန်တော့လေ့ရှိပါတယ်တဲ့။ ခင်ပွန်းဖြစ်သူရဲ့ ပြောစကားတွေကြောင့် ဘာသာတရားကို ပိုယုံကြည်သက်ဝင်လာတယ်လို့ ဆိုပါတယ်။ 

"ကျွန်မသည် ခရစ်ယာန် ဘာသာဝင်ဖြစ်ပါသည်။ ကျွန်မရဲ့ဇာတိ အမိနိုင်ငံသည် ဗုဒ္ဓသာသနာထွန်းကားရာ မြန်မာနိုင်ငံဖြစ်ပါသည်။ ကျွန်မဖေဖေ နှင့် ခင်ပွန်း သည် ဗုဒ္ဓသာသနာကို ဆည်းကပ်ပူဇော်သည်။ကျွန်မ မယ်သီလရှင်မဝတ်ပါ။ သို့သော်,, ဦးဇင်းဆရာတော်များနှင့် မယ်သီလရှင်ဆရာလေး များကိုတော့ ရှိခိုးကန်တော့ပါသည်။ ဘာကြောင့် ကန်တော့လဲ ? ဟုမေးလျှင် လေးစားကြည်ညို၍ ဟုသာ ဖြေပါမည်။ ဒီလိုကန်တော့လို့ ကျွန်မနှင့် ဘာသာတူအချို့မှ ပြောဆိုမှုများရှိရင်လဲ ချစ်ခြင်း၊မုန်းခြင်း မဖြစ်ပါ။ ကိုလင်းပြောသောစကားတစ်ခွန်းကို အမြဲမှတ်ထားသည်။ " လူတစ်ဦးချင်း,တစ်ယောက်ချင်းဟာ သူ့ရဲ့ဘာသာရေးနဲ့ပတ်သက်ရင် သူ့နှလုံးသားမှာ ကိန်းဝပ်နေရင်ပြီးတာဘဲ။ တရားတွေကို လုပ်နိုင်၊မလုပ်နိုင် ကတော့ ဘဝကြီးထဲမှာ သူဘယ်လိုရပ်တည်ရှင်သန်မလဲ အပေါ်မှာ မူတည်တာဘဲ " တဲ့။ ကိုလင်းရဲ့ ဒီစကားကြောင့် ကျွန်မရဲ့ဘာသာတရားအပေါ်လဲ ပိုမိုယုံကြည်ခိုင်မာလာသလို, တစ်ပါးသူ၏ဘာသာတရားအပေါ်လည်း လေးစားမှု ပိုမိုခဲ့ပါသည်။အားလုံး စိတ်နှလုံးချမ်းမြေ့ပါစေ" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Pro Studio

အဆိုပါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး အဆိုတော် ချစ်သုဝေနဲ့ ဖခင်ဖြစ်သူတို့ကို အမျိုးသားရေးအဖွဲ့ရှေ့နေ ဦးအေးပိုင်က သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ချစ်သုဝေဟာ အနုပညာလောကထဲမှာ အဆိုတော် တစ်ယောက်အနေနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။ သူမက သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့လည်း ဇာတ်ကားတွေ အများကြီးရိုက်ကူးခဲ့သူပါ။ လက်ရှိမှာတော့ အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ပြုပြီး မေမြန်မာခေတ် နဲ့ မေမြန်မာသစ် ဆိုတဲ့ အမြွှာသမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီနောက် ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး မွေးရာပါ နှလုံးရောဂါ ဖြစ်နေတဲ့ ကလေးတွေကိုလည်း ဆေးကုသပေးလျက်ရှိပါတယ်။ Covid ကာလမှာလည်း စားနပ်ရိက္ခာ အခက်အခဲကြုံနေရသူတွေအတွက် အစားအသောက်နဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က