ရှိုးပွဲက (၂၄) ရက်နေ့က လုပ်ခဲ့တာပါ။

အသက်(၁၄) နှစ်ကတည်းက Westlife အဖွဲ့ကို ကြိုက်နှစ်သက်ခဲ့တဲ့ ပိုပိုကတော့ ဘန်ကောက်မှာ လုပ်တဲ့ Westlife Showကို ကြည့်ဖို့ အားခဲထားခဲ့သူပါ။ အားလုံးပြင်ဆင်ခဲ့ပြီးကာမှ Westlife Show နဲ့ လွဲခဲ့ရတဲ့ ပိုပို အဖြစ်ကတော့ ရယ်ရခက် ငိုရခက်ပါပဲ။

 

ပိုပိုက သူမအသက်(၁၄) နှစ်ကတည်းက အားပေးခဲ့ရတဲ့ Westlife အဖွဲ့ရဲ့ Show ကို သွားကြည့်ဖို့ အတွက် အားခဲထားခဲ့တာပါ။ ဒါပေမယ့်လည်း သူမအားခဲထားသမျှ ခဲလေသမျှ သဲရေကျလို့ ပြောရတော့မှာပါ။ Westlife Show က ဇွန်လ(၂၄) ရက်နေ့က ဘန်ကောက်မှာ ပြုလုပ်သွားခဲ့တာ ဖြစ်ပြီး သူမကတော့ (၂၆) ရက်နေ့မှ ဘန်ကောက်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

“ငိုရခက် ရယ်ရခက် အလွဲတွေ မလုပ်ရရင် ပိုပို မဟုတ်ဘူးပဲ။ဘယ်တော့မှ သေချာ မစစ်ပဲ

ဒီနေ့ Westlife Show ဆိုပြီး BKK ကိုထွက်လာတာ မာမီစု က ဘာသွားလုပ်မှာလဲ July 24 လို့ ပြောမှဗြဲ Shopping ထွက်ဖို့ ဖြစ်လာတာပေါ့နော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၆) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ပိုပိုရဲ့ အဖြစ်ကို ကြည့်ပြီး ပရိသတ်တွေလည်း ရယ်ရခက် ငိုရခက် ဖြစ်နေကြပါတယ်။

ပိုပိုဟာ Westlife အဖွဲ့ကို အသက်(၁၄) နှစ်ကတည်းက အားပေးခဲ့တာဖြစ်ပြီး အရမ်းကို ရူးသွပ်ခဲ့ရတာလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။

“ပိုတို့ငယ်ငယ်တုန်းက ဆိုရင် သူတို့ပုံလေးတွေကို ဝယ်တယ်။ ပြီးရင် အိမ်မှ ချိတ်ထားပြီး ကြည့်ပြီးပျော်နေတာပဲ။ သူတို့အခွေတွေ ကြည့်ပြီး ပျော်နေရောပဲ။ စိတ်ကူးယဉ်ခဲ့တာတွေ အများကြီးရှိတယ်။ အဖွားက အရမ်းပြောတယ်။ မိန်းမနှာဘူးဆိုပြီး အရမ်းပြောတာ။ အရမ်းကြိုက်တာ တော်တော်ကြိုက်တာ” လို့ သူမက ဆိုပါတယ်။

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Share

Loading Next Article...
က္က