ဒီစာအုပ်လေးအပေါ်ထားတဲ့ စိတ်ကူးလေးတွေ ပြောပြလာပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ ဦးညွှန့်ဝင်း ပေးတဲ့ စာအုပ်လေးက သူ့အတွက်တော့ လမ်းညွှန်ချက်များစွာ ဖန်ဆင်းနိုင်တဲ့ စာအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: Kyaw Kyaw Bo



ကျော်ကျော်ဗိုလ်ဟာ COVID-19 ကာလမှာ အိမ်မှာနေရင်းစာအုပ်တွေ ဖတ်ဖြစ်နေတယ်လို့ဆိုပါတယ်။ အခုလည်း အဘဖြစ်သူ ဦးညွှန့်ဝင်းကိုယ်တိုင်ရေးထားတဲ့ "ယုံကြည်အောင် ဖန်ဆင်း" ဆိုတဲ့ စာအုပ်အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ 

"ကျွန်တော့် ဘဘ ပေးတဲ့အမွေ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ကျွန်တော့်အတွက်တော့ ယုံကြည်အောင်ဖန်ဆင်း နိင်ဖို့ လမ်းညွှန်ချက်များစွာနဲ့စာအုပ်၊ စာတစ်ကြောင်းချင်းစီကို ဆင့်ပွားပြီးတွေးလို့ရနေစေတာကအရသာပါခင်ဗျာ" ဆိုပြီးတော့ ဧပြီလ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Kyaw Kyaw Bo

သရုပ်ဆောင် ကျော်ကျော်ဗိုလ် ဟာ COVID-19 ကာလအတွင်း အိမ်မှာနေတာ ၁ လကျော် ၂လ ရှိပြီလို့ သိရပါတယ်။ ရောဂါ မပြန့်ပွားအောင် အိမ်မှာ နေခြင်းက ပိုထိရောက်တယ်လို့လည်း သူက ပြောပါတယ်။ 

“ သူများတွေက အိမ်ထဲမှာ (၁၄) ရက်လောက်ပဲ နေကြတာ ကျွန်တော်ဆိုရင် တစ်လကျော်လောက် ရှိပြီ။ တစ်ယောက်နဲ့တစ်ယောက် တတ်နိုင်သလောက် ကူညီပေးခြင်းအားဖြင့် COVID-19 ကူးစက်မှု လျော့နည်းသွားအောင် အိမ်မှာနေခြင်းဖြင့် ကူညီပေးရာလည်း ရောက်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒီရောဂါက တစ်သက်မှာ တစ်ခါ ကျရောက်တဲ့ ကပ်ဘေးကြီးတစ်ခုနဲ့ တူသွားတယ်။ မွေးကတည်းကနေ အခုထိ တစ်ကမ္ဘာလုံး အုပ်အော်သောင်းနင်းဖြစ်သွားတဲ့ ကိစ္စဆိုတာ မရှိခဲ့ဘူးလေ။ မလိုအပ်ရင် အပြင်မထွက်တာမျိုးက ကိုယ်တွေ လုပ်ပေးနိုင်တဲ့ ကိစ္စပေါ့နော်။ အမှန်က ဒီ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်မယ့် ဆေး ပေါ်လာတာ အကောင်းဆုံးပဲလေ” လို့ ဆိုပြီးတော့ ဧပြီလ ၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယို ဖိုင်လေးနဲ့ တကွ ပြောလာပါတယ်။

Photo: Kyaw Kyaw Bo

နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲမှာ ကျော်ကျော်ဗိုလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က