ဝလာတယ်.. ဝလာတယ် မပြောကြပါနဲ့..။
Sabal Thwin

စန္ဒီမြင့်လွင်ဟာ ရင်သွေးလေးမွေးထားတာ မကြာသေးလို့ ခန္ဓာကိုယ် အနည်းငယ်ဝနေတာလို့ဆိုပါတယ်။ သမီးဦးလေးကို မွေးထားတာ အခုမှ ၂ လ ခန့်ပဲရှိသေးတယ်လို့ပြောပါတယ်။

Photo: Kingsman

စန္ဒီမြင့်လွင်ကတော့ သူမကို ဝလာတယ်လို့ ဝေဖန်ကြသူတွေကို အခုလိုပဲ ပြောခဲ့တာတွေ့ရပါတယ်။ သူငယ်ချင်းဖြစ်သူ စိတ်ဓာတ်မကျစေဖို့ ချစ်သုဝေကလည်း အားပေးစကားပြောခဲ့တာကို တွေ့ရပါတယ်။

‘’ဝလာတယ်ဝလာတယ်မပြောနဲ့လေခုမှကလေးမွေးထားတာ၂လပြည့်ဖို့တစ်ပတ်လိုသေးတယ်လေ။ ဝိတ်ချဖို့အချိန်လိုတယ်ဟဲ့’’ ဆိုပြီးတော့ စက်တင်ဘာလ ၇ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အနုပညာညီအစ်မဖြစ်တဲ့ အဆိုတော် ချစ်သုဝေကလည်း

 ‘’ ငါ့နှယ်နော်။ ကလေးအတွက်ရော ကိုယ့်အတွက်ရော များများသာစားသည်းလေး။ ကျန်တာခေါင်းထဲမထည့်နဲ့’’ ဆိုပြီးတော့ Comment ကနေ တဆင့် အားပေးစကားပြောထားတာ တွေ့ရပါတယ်။

Photo: Dee Dee

စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်တို့ရဲ့ သမီးလေး Treasure ကတော့ အခုဆိုရင် ၂ လသမီးအရွယ်ကို ရောက်ရှိလို့နေပါပြီ။ မေမေနဲ့ တူတဲ့ နှုတ်ခမ်းတစ်စုံရယ် ၊ ချစ်စရာကောင်းတဲ့ မျက်နှာလေးရယ် ပိုင်ဆိုင်ထားတာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာကို တွေ့ရပါတယ်။

‘’ သမီးလေးပြုံးနေရင်ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်းသွားတယ်။ #Treasure #2months’’ ဆိုပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီနောက် သမီးလေးရဲ့ အလှဓာတ်ပုံတွေကိုလည်း အတူတွဲတင်ခဲ့ပါသေးတယ်။

Photo: Dee Dee

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေး ကို မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ ပန်းလှိုင် ဆေးရုံကြီးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ရဲ့ မိသားစုဝင် အသစ်လေးကိုတော့ ပရိသတ်တွေက Comment ကနေတဆင့် ကြိုဆို နှုတ်ခွန်းဆက် စကားများပြောခဲ့ကြပါသေးတယ်။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပြီး အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၇ လရှိခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီးလေး နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။

Photo: Dee Dee

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ သူမဟာ သမီးလေးနဲ့ ပတ်သက်တဲ့ သီချင်းလည်း ဆိုဖို့ရှိသေးတယ်လိုု့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က