သူက အနောက်ကနေ အားလုံး ပံ့ပိုးပေးမှာတဲ့။
အေသင်ချိုဆွေက သမီးလေးနဲ့ ပတ်သက်ပြီး ခံစားရတဲ့ ခံစားချက်လေးကို အမြဲတမ်း ပြောပြနေတတ်သူပါ။ အခုလည်း သမီးလေး ဖတ်ဖို့ဆိုပြီး သူ့ရဲ့ ခံစားချက်လေးကို ရင်ဖွင့်ထားပါတယ်။

Photo : အေသင်ချိုဆွေ

အဆိုတော် အေသင်ချိုဆွေက သမီးလေးရဲ့ ဘဝကို သမီးလေးစိတ်ကြိုက် ပုံဖော်ခွင့်ပေးမှာ ဖြစ်သလို သူမအနေနဲ့လည်း သမီးလေးအတွက် အနောက်ကနေ လိုအပ်တာ အားလုံး ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။သူမရဲ့ အတ္တကြောင့် သမီးလေး ဘယ်တော့မှ မပူလောင်စေရဘူးဆိုပြီး ရင်ဖွင့်ထားတာပါ။

“သမီးလေးပျော်နေတဲ့အချိန်၊အောင်မြင်မှုတွေ နဲ့တောက်ပနေချိန်၊မေမေကိုသတိမရရင်နေပါ၊ နေရာလည်းပေးစရာမလိုပါဘူး။ ဒါပေမဲ့ သမီးလေး စိတ်ဓါတ်တွေကျပြီး၊ပြိုလဲတဲ့အချိန်မျိုးမှာ တော့ အမေ့ဆီပဲပြေးလာခဲ့ပါ၊မေမေအတ္တကြောင့်သမီးဘယ်တော့မှမပူလောင်စေရဘူး၊နောက်တခုက မေမေစိတ်ကြိုက် သမီးလေးဘဝကိုပုံဖော်ပေးမှာမဟု တ်ဘူးသ မီးလေးစိတ်ကြိုက်သမီးေ လးဘဝကိုပုံဖော်ပါ မေမေက အနောက်မှာပဲနေပြီးတသက်လုံးပံ့ပိုးပေးသွားမှာပါ၊” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : အေသင်ချိုဆွေ

ဆက်လက်ပြီးတော့ သူမမှာ ဘယ်လောက်စိတ်ဖိစီးမှုတွေ များနေပါစေ သမီးလေးအပေါ်တော့ ဘယ်တော့မှ မသက်ရောက်စေရဘူးလို့လည်းဆိုပါတယ်။

“ငါ့တုန်းက ငါ့အမေကရိုက်ပြီးဆုံးမခဲ့လို့ ငါ့သမီးဖြစ်လာမယ့်ခလေးကိုလည်း ရိုက်ရမယ်ဆိုတဲ့ အတွေးမျိုး၊ အပြင်မှာ/ အလုပ်မှာ ရလာသမျှ စိတ်ဖိစီးမှုတွေ၊ သောကတွေကိုလည်း အပြင်မှာပဲထားခဲ့မယ်။ကိုယ့်ခလေးအပေါ်ဘယ်တော့မှမသက်ရောက်စေရဘူး။” ဆိုပြီး ပြောထားပါတယ်။

Photo : အေသင်ချိုဆွေ

အေသင်ချိုဆွေ ရင်ဖွင့်ထားတာတဲ့ စာလေးကို ဖတ်ပြီး သူမရဲ့ စိတ်ဓာတ်လေးကို ချီးကျူးထားကြပြီး မိခင်ကောင်းပီသတဲ့ သူမအတွက် ပရိသတ်တွေက ဂုဏ်ယူနေကြပါတယ်။အေသင်ချိုဆွေက အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ လည်လွန်းတတ်လွန်းတဲ့ ကလေးလေး ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုလို့နေပါတယ်။ အေသင်ချိုဆွေ က အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။

Photo : အေသင်ချိုဆွေ

အေသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေသိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။

အေသင်ချိုဆွေက ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ၂၀၁၈ ခုနှစ်ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေတာကို တွေ့ရပါတယ်။



က္က