ချစ်သူလေး နန်းဆုကလည်း ပိုချောလာပါတယ်တဲ့။

G-Fatt က အနှစ် ၂၀ လောက်ကြိုးစားခဲ့ရတဲ့ ခန္ဓာကိုယ်က ဝ လာလို့ ပျော်နေပါတယ်။ ချစ်သူလေး နန်းဆုရတီစိုးကလည်း G-Fatt တစ်ယောက် ဝလာမှ ပိုချောလာတယ်လို့ ပြောပြခဲ့ဖူးပါတယ်။

Photo: G-Fatt

အဆိုတော် G-Fatt တစ်ယောက် ဝ တဲ့သူတစ်ယောက်ဖြစ်ဖို့ အနှစ် ၂၀ လောက် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေက ပိန်တယ်ပြောလို့ ဝအောင် မနည်းကြိုးစားထားရတာပါတဲ့။

‘’မင်း ဝ လာ တယ် နော် လို့။ အပြောခံရဖို့ နှစ် နှစ်ဆယ် ကျော် စောင့်ခဲ့ ရတယ်’’ ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ G-Fatt တစ်ယောက် နန်းဆုနဲ့ ချစ်သူတွေ ဖြစ်ပြီးတော့မှ ပိုဝ ပြီး ပိုချောလာတယ်လို့လည်း ပရိသတ်တွေက Comment တွေ ပေးထားကြတာကို တွေ့ရပါတယ်။

Photo: G- Fatt

G-Fatt ဟာ နန်းဆုရတီစိုးနဲ့ တွဲလာတာ ကြာတဲ့အချိန်မှာတော့ ဝဝဖြိုးဖြိုးနဲ့ ပိုပြီးတော့ ကြည့်ကောင်းလာတာ တွေ့ရပါတယ်။ နန်းဆုကိုယ်တိုင်ကလည်း G-Fatt ပိုချောလာတဲ့ အကြောင်းကိုDuwun Media ကနေ ဝန်ခံ ပြောပြခဲ့ပါတယ်။

‘’ကိုယ်လည်း မြင်တာ ပိုပြီးတော့ ချောလာသလိုပဲ။ ပိုပြီးတော့လည်း ဝလာတယ်။ပိုပြီးတော့လည်း အသားဖြူ လာတယ်။ ကျွေးတာလေ သူ့ကို ကိုယ်က လျှော့စားလိုက်ပြီးသူ့ကို များများစားခိုင်းတယ်။ နို့မို့ဆိုရင် သူကအ ရမ်းပိန်နေရင် ကိုယ်ကဝသလိုဖြစ်နေမှာလေ။ အဲ့ဒါကြောင့် သူက ဝလာတော့ အနေတော်ဖြစ်သွားတာပေါ့’’ လို့ Zoey"အမှတ်တံဆိပ် Handmade အိတ်ဆိုင်ဖွင့်လှစ်ခြင်းအခမ်းအနားကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: G Fatt

အဆိုတော် G-Fatt တစ်ယောက် ဝဝဖြိုးဖြိုးဖြစ်လာမှ ဖောင်းကားနေတာပဲလို့ အပြောခံရတဲ့အပေါ် ရင်ဖွင့်ပြောပြလာပါတယ်။

‘’ပိန်ညှောင်နေတာပဲ ဆိုလို့ ဝ အောင်နေတယ်လေ။ အခု နဲနဲလေး ဝ လာမှ ဖောင်းကားနေတာပဲ တဲ့လား’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါသေးတယ်။ သူတင်လိုက်တဲ့ စာလေးကြောင့်လည်း ပရိသတ်တွေက သဘောကျလို့နေပါတယ်။

Photo: nan Su Yati Soe

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့တာဖြစ်ပါ တယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများဖန်တီးနေပြီးသီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ GFatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က