ပထမအကြိမ်ခွဲစိတ်မှုက အောင်မြင်ခဲ့ပါပြီ။

ချစ်သုဝေရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက နှလုံးမှသွေးကြောကို သွားတဲ့ သွေးကြောမကြီးကျဉ်းပြီး ပြာနေတဲ့ သားလေး မောင်ကောင်းမြတ်ကို ပထမအကြိမ် ခွဲစိတ်မှုတွေပြုလုပ်ပေးခဲ့တာ တွေ့ရပါတယ်။ ဒုတိယတစ်ကြိမ်ခွဲစိတ်မှုကိုလည်း တာဝန်ယူပေးသွားဦးမယ်လို့ သိရပါတယ်။

Photo: Chit Thu Wai



ချစ်သုဝေဟာ မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်တဲ့ နှလုံးမှသွေးကြောကို သွားတဲ့ သွေးကြောမကြီး အလွန်ကျဉ်းပြီး အခက်အခဲဖြစ်နေတဲ့ အသက် ၁၁ နှစ်အရွယ် မောင်ကောင်းမြတ်သော်လေးကို အောင်အောင်မြင်မြင် ခွဲစိတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

‘’မကွေးတိုင်းဒေသကြီးရှိ တောင်ယာလုပ်မိသားစုမှ အသက်(၁၁)နှစ်အရွယ် ဝေဒနာရှင် မောင်ကောင်းမြတ်သော်၏ မွေးရာပါနှလုံးရောဂါတစ်မျိုးဖြစ်သည့် နှလုံးမှသွေးကြောသို့သွားသော သွေးကြောမကြီး အလွန်ကျဉ်းပြီး အလွန်ပြာနေသောကလေးကို ပေါင်မှပိုက်ထည့်၍ ယင်းသွေးကြောအားဘောလုံးဖြင့်အောင်မြင်စွာချဲ့ပေးခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးခဲ့ပါသည်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၆ ရက်နေ့ ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

Photo: Chit Thu Wai

မောင်ကောင်းမြတ်သော်ရဲ့ နှလုံးရောဂါဟာ ပထမ တစ်ကြိမ်ခွဲစိတ်မှုမှာအောင်မြင်ခဲ့ပေမယ့် ဒုတိယ တစ်ကြိမ် ထပ်မံခွဲစိတ်ရဦးမယ်လို့ ဆိုပါတယ်။ ဒီခွဲစိတ်မှုကိုလည်း ခေတ်သစ်ဖောင်ဒေးရှင်းကပဲ ဆက်လက်တာဝန်ယူကုသပေးသွားမယ်လို့ ချစ်သုဝေက ပြောပါတယ်။

‘’ဒုတိယအဆင့်နှလုံးခွဲစိတ်မှုပြုလုပ်ရာတွင်လည်းခေတ်သစ်ဖောင်ဒေးရှင်းမှဆက်လက်တာဝန်ယူကူညီပေးမည်ဖြစ်ကြောင်းကိုလည်းသတင်းကောင်းပါးအပ်ပါသည်၊၊ အဆိုပါကုသမှုအတွက် ခွဲစိတ်ကုသမှုစရိတ်များအား ခေတ်သစ်ဖောင်းဒေးရှင်းမှ ကူညီပေးနိုင်ခဲ့ပါတယ်။ အောင်မြင်စွာ ခွဲစိတ်ကုသမှုပေးခဲ့ပါသော ကလေးနှလုံး ဆေးကုသအဖွဲ့ဆရာဝန်ကြီးများ (ရန်ကင်းကလေးဆေးရုံ) အား အထူးကျေးဇူတင်ရှိပါကြောင်းနှင့် ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြပါသော စေတနာရှင်များအား အထူးကျေးဇူးတင်အပ်ပါသည်။’’ လို့ ဆိုပါတယ်။

Photo: A Linn Young

‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က