စိတ်ဓာတ်တွေ အောက်ဆုံးအထိ ကျခဲ့ဖူးတယ်။

ချောရတနာဟာ ဘဝကို အရှုံးမပေးချင်ခဲ့တာကြောင့် စိတ်ဓာတ်ကျခဲ့ရတဲ့ အချိန်တွေကနေ ပြန်ထနိုင်အောင် ကြိုးစားခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

Photo: Chaw Yandanar



သရုပ်ဆောင် ချောရတနာက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တဲ့ ဘောလိဝုဒ်နာမည်ကျော် သရုပ်ဆောင် Sushant Singh Rajput ရဲ့ ဈာပနအခမ်းအနားပုံရိပ်များကို သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မျှဝေရင်း သူမ ဘဝမှာ ကြုံတွေ့ခဲ့ရဖူးတဲ့ အရာလေးတွေကို ယခုလို ပြောပြခဲ့ပါတယ်။ 

" ဘဝမှာ လူတိုင်းသေချင်လောက်အောင် ခံစားချက်မျိုး တစ်ခါလောက်တော့ကြုံရမှာပဲ။ ဒီလိုတော့ ဘဝကို ဘယ်တော့မှ အရှုံးမပေးချင်ဘူး။ တစ်ခါတလေ စိတ်ဓါတ်တွေအောက်ဆုံးထိ ကျတယ်၊ ကျနေတဲ့ စိတ်ကို ရအောင် ပြန်ဆွဲတင်တယ်။ အကြိမ်ကြိမ် လဲခဲ့ဖူးတယ် ပြန်ထတယ်။ ဘဝမှာ ကြောက်စရာကောင်းအောင် တိုက်ခိုက်တာ တွေလည်းကြုံဖူးတယ်။ နောက်ကျောဆိုတာ ဇကာပေါက်ဖြစ်နေပြီ" ဆိုပြီးတော့ ဇွန်လ ၁၅ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Chaw Yandanar

ဆက်လက်ပြီးတော့လည်း ချောရတနာဟာ မိခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ အချိန်မှာ သူမရင်ထဲက ဖြစ်ပေါ်ခဲ့တဲ့ အရာတွေကို အခုလို ပြောပြထားပါသေးတယ်။ 

"အမေဆုံးတဲ့ အချိန်မှာ အရင်က အခက်ခဲဆုံးလို့ထင်တဲ့အရာတွေက အမေဆုံးရှူံး သွားရတဲ့ခံစားချက်ကို မြူမှုံတစက်လေးတောင်မမီဘူး။ အဲ့ဒီတော့ တစ်ခဏ ရတဲ့ ဘဝကြီးရေ နင်ပေးမယ့် အခက်ခဲ ကို ငါ ပြုံးပြုံးကြီးခံယူပါ့မယ်။ ဝဠ်ကြွေးရှိရင်လည်း ဒီဘဝနဲ့တင် အဆုံးသတ်အောင်ပေါ့။ အောင်မြင်တာ ကိုလည်းမသာယာနဲ့၊ ကျရှုံး လို့လည်းအားမငယ်နဲ့ ကြိုးစားချင်စိတ်သာ မပျောက်နဲ့ " လို့ ဆိုပါတယ်။ချောရတနာနဲ့ မိခင်ဟာ ၂၀၂၀ ခုနှစ် ဧပြီလ ၇ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

Photo: Amazing Grace

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာက ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၁၂ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပါဘူး။ အဲဒီနောက် ဒုတိယရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်၂၀၁၈ ခုနှစ်ကစပြီး အနုပညာအလုပ်တွေကို ကြော်ငြာရိုက်ကူးရေးတွေကနေတဆင့် ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က